တပ်ပိုင်မှသည်မိသားစုပိုင်သို့စစ်ခေါင်းဆောင်မိသားစု၏စီးပွားရေးအင်ပါယာကြီးထွားမှုများ(Editorial Talk)
MizzimaTV
0:00 / 0:00
တပ်ပိုင်မှသည်မိသားစုပိုင်သို့စစ်ခေါင်းဆောင်မိသားစု၏စီးပွားရေးအင်ပါယာကြီးထွားမှုများ(Editorial Talk)
122 770 просмотров · 5 месяцев назад
MizzimaTV
3,35 млн подписчиков
122 770 просмотров · 5 месяцев назад
မဇ္ဈိမ။ ။ အာဏာသိမ်းစစ်ခါင်းဆောင် မင်းအောင်လှိုင်ဟာ ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းခံထားရသလို တဖက်မှာလည်း သူအနားယူလိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးရာထူးနဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းရဲ့ နေရာကို သူ့ရဲ့ လူယုံတွေ၊ သူ့ကို သစ္စာခံမယ့် သူတွေလက်ထဲကို လွှဲလိုက်ပြီဖြစ်ပါတယ်။
ဒီလို လုပ်လိုက်ခြင်းအားဖြင့် စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ တည်ရှိမှု၊ သူ့ရဲ့ ပိုင်ဆိုင်မှု၊ သူ့ရဲ့ အင်ပါယာ၊ သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာမကပဲ မြန်မာ့အရေး၊ မြန်မာပြည်ရဲ့ စီးပွားရေးကိုပါ ဆက်ပြီး လက်ဝါးကြီးအုပ်နိုင်ဖို့ အကာအကွယ် ပြုခြင်းလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီတော့ အသစ်ဖြစ်လာတဲ့ တပ်ချုပ်၊ ဒုတပ်ချုပ်တွေက ဘယ်သူတွေလဲ။ သူတို့တွေအပါအဝင် လက်ရှိ အာဏာရယူထားပြီး၊ မကြာခင်ပေါ်ပေါက်လာမယ့် အစိုးရအသစ်မှာ အာဏာရယူမယ့် ခေါင်းဆောင်တွေက စစ်ခေါင်းဆောင်ရဲ့ အကျိုးစီးပွားတွေကို ဘယ်လိုကာကွယ်မလဲ။ အာဏာရှင်တဦးရဲ့ နောက်ဆုံးအချိန်အတွက် စစ်ခေါင်းဆောင် ဘာတွေပြင်ဆင်နေသလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ထားပါတယ်။
Title (EN): Inside Min Aung Hlaing's Wealth: New Military Chiefs Appointed
Description (EN): What is the real strategy behind the latest military appointments in Myanmar? As Min Aung Hlaing positions himself for a new political role, his loyalists take over the army. We reveal the growth of his family's wealth and how they manage assets amidst global pressure. Watch this exclusive talk show to see how power and money are being consolidated in the current transition. Your guide to understanding the internal dynamics of the military council.
Chapters
00:12 စစ်ခေါင်းဆောင်၏ ရာထူးအပြောင်းအလဲ
01:36 ကာချုပ်သစ် ရဲဝင်းဦးနှင့် ဒုကာချုပ်-ကျော်စွာလင်း အကြောင်း
05:00 စစ်ခေါင်းဆောင် မိသားစု၏ စီးပွားရေးအင်ပါယာ ချဲ့ထွင်မှုများ
15:20 နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ပိုင်ဆိုင်မှုများအပေါ် သက်ရောက်မှု
30:45 စစ်တပ်အတွင်း အာဏာခွဲဝေမှုနှင့် နောက်ကွယ်မှ မဟာဗျူဟာများ
45:53 ခရိုနီများနှင့် စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွား ဆက်နွယ်မှု
47:22 ရှေ့ဆက်စောင့်ကြည့်ရမည့် အခြေအနေများ
ဆက်လက်ကြည့်ရှုသင့်သည့် မဇ္ဈိမအစီအစဥ်များ -
• Best of 2026 in Myanmar Politics
• Mizzima Exclusive Interview
• Mizzima Editorial Talk
#BreakingNewsMM #WealthAnalysis #MilitaryCoup #InsideNews #Mizzima #Mizzima #Editorialtalk #ဦးစိန်ဝင်း #တပ်ပိုင် #မိသားစုပိုင် #စစ်ခေါင်းဆောင်မိသားစု #စီးပွားရေးအင်ပါယာ #သမ္မတ
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Subscribe Mizzima TV :
/ @mizzimanewstv
One link to follow all Mizzima platforms:
https://mizzima.carrd.co