Перейти к содержимому

Khit Thit Evening News | 17 September 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 17 September 2026

480 597 просмотров · 17 часов назад
Khit Thit Media
3,28 млн подписчиков
480 597 просмотров · 17 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမေရိကန်သမ္မတထရမ့်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူး သယ်ဆောင်နေတဲ့ အဓိက နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို “ထင်ရှားစွာ ပျက်ကွက်”တဲ့ အမည်ပျက်နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို တင်သွင်းခွင့်ပိတ်ပြီး မြန်မာ စစ်တပ်နဲ့ ရဲတွေက ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုထားသလို ၊ ထိုင်းသတင်းတွေမှာလည်း ဖော်ပြလာပါတယ်။ ကျိုင်းတုံမြို့ ၊နောင်ဖာ စစ်တပ်ဂိတ်က ပြည်သူများကို ဆဲဆိုနှောင့်ယှက်နေပြီး ၊အရေးပေါ်လူနာကို သွားရောက်ကူညီမယ့် “နှလုံးလှ” လူမှုကူညီရေးအသင်းဝင်တွေကိုလည်း စစ်သားတွေက စော်ကား ခြိမ်းခြောက်ပြီး ဂိတ်ကိုဖြတ်ခွင့်မပေးပဲ ပြန်လှည့်ခိုင်းခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ထုတ်ဖော်ပြောဆိုလာပါတယ်။ အမေရိကန်အနေနဲ့ အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို ရပ်တန့်ပြီး အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာသွားမယ်ဆိုရင် ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်ဒု သမ္မတ ဂျေဒီ ဗန့်စ် က ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။