Khit Thit Afternoon News | 19 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 19 October 2026
279 633 просмотра · 11 ч назад
Khit Thit Media
3,3 млн подписчиков
279 633 просмотра · 11 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်က မြို့နယ် ၅၅ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို သက်တမ်း တိုးလိုက်ပြီး တပ်ချုပ်သစ် ရဲဝင်းဦးကို စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်လိုက်တယ်လို့ အောက်တို ဘာ ၁၈ ရက် ညပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်
-အကြမ်းဖက်စစ်တပ်ထံ အညံ့ခံ ပူးပေါင်းသွားတဲ့ BNRA တပ်ဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားရှိလာရင် ပြန်ပြီး တိုက်ခိုက်သွားမယ်လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်ကနေ ရုပ်သံဖိုင်နဲ့တကွ ခြိမ်းခြောက် ပြောဆိုလာ ပါတယ်။
-ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်နဲ့ DMO PDF အမှတ် ၁၁၀၂ တပ်ရင်းတို့ထံက သိရပါတယ်။
ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်က ဒေါက်တာစင်သီယာမောင်နဲ့ သူတည်ထောင်ထားတဲ့ မယ်တော် ဆေးခန်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ လုပ်ငန်းတွေအကြောင်း ယမန်နေ့က လူမှုကွန်ရက်မှာ ဗီဒီယိုတင်ပြီး ချီးကျူးဂုဏ်ပြုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။