မြန်မာ့ရိုးရာ ကျွဲအက - Myanmar Traditional Buffalo Dance
Saw James Vlog
0:00 / 0:00
မြန်မာ့ရိုးရာ ကျွဲအက - Myanmar Traditional Buffalo Dance
1 312 184 просмотра · 8 лет назад
Saw James Vlog
76,3 тыс. подписчиков
1 312 184 просмотра · 8 лет назад
ငယ်ငယ်တုန်းကပေါ့...
တော်တော်လေး ငယ်ပါတယ်... ကျတော်စိတ်ထင် အဲကောင်လေး တတိယတန်း စတုတ္ထတန်းလောက်က အဲဒီပိုး စမယ်ထင်ပါတယ်... ကထိန်ရာသီရောက်ပြီဆိုရင် မနေနိုင် မထိုင်နိုင် ဖြစ်ပါတော့တယ်... ရွာက လူကြီးတွေ ဘကြီးတွေကို ပူဆာပြီး ကထိန်လုပ်ဖို့ ဆော်ဩပါတော့တယ်... အဓိက ကတော့ အိုးစည်ဝယ်ရင် ဝယ် မဝယ်ရင် ငှားဖို့ပေါ့... ကျွဲရုပ်ကတော့ ကိုယ်တိုင်ချိုးဖို့ မစွမ်းသာရကား လူကြီးမိဘတွေကို အပူကပ်ပြီး ကျွဲချိုးနည်း ပညာကို လှည့်လည်ရှာဖွေပါတော့တယ်...
ရွာ နဲ့ မလှမ်းမကမ်းက ထူးကြီးမြို့နားက ရွာတစ်ရွာက ဆရာတော်ကြီးက ကျွဲရုပ် ချိုးတတ်တယ်လို့ ဆိုတာနဲ့ အဲဒီရွာမှာ နေခဲ့ဖူးတဲ့ ဘကြီးမြတ်ကျော် (အခုတော့ ဆုံးရှာပါပြီ) ကို အကူအညီတောင်းပြီး အဲဒီဆရာတော်ဆီမှာ တပည့်ခံပြီး ကျွဲချိုးနည်း လေ့လာပါတယ်... ဆရာတော်ကလည်း သူ့သင်္ဃန်းအဟောင်းတွေကို ဆေးမည်းဆိုးပြီး ကူညီရှာတယ်... သင်ပြပေးတယ်... ကျွဲရပြီဆိုတော့ ရွာပြန်လာပြီး ရွာက ကာလသားများနဲ့ အတူတူ (အဲကောင်လေးကတော့ ကလေးပဲ ရှိသေးတယ်) အလှူခံထွက်ကြပါတော့တယ်...
ရောဂါချူချာတဲ့ အဲဒီကလေးဟာ တစ်ခါတစ်လေ ခရီးဝေး အလှူခံ တစ်ခါထွက်ပြီးရင် ဖျားပါတယ်... ဖျားပေသော်လည်း ညကျရင် မနားမနေ ကျွဲရုပ်ကို ပြင်ဆင်ပါတယ်... ပြဲတဲ့နေရာချုပ်... ပေါက်တဲ့နေရာဖာပေါ့... ဒါမှ နောက်နေ့ အဆင်သင့် ဖြစ်မှာပေါ့... လျှပ်စစ်မီး မရှိတဲ့ မြိုင်ခြေက ရွာလေး ဖြစ်တာကြောင့် ရေနံဆီ မီးခွက်... ဖရောင်းတိုင် တို့ နဲ့ ညအမှောင်ကို အံတု... ကျွဲချုပ် ရတာ ညည့်နက်သန်းကောင်ထိ... ကထိန်ရာသီတစ်ခုပြီးသွား တာနဲ့ အဲကောင်လေးကိုလည်း မိဘတွေက တော်တော် နာနှပ်ယူရတော့တာပဲ... အဲဒီလို လေး ငါး နှစ် ရှစ်တန်းနှစ်လောက် ထိအောင် နှစ်တိုင်း လုပ်ဖြစ်ခဲ့ပါတယ်...
.
.
.
အင်း အခုလား အဲဒီကောင်လေး လေ... မြန်မာ့ရိုးရာအိုးစည်သံ ကြားရင် မကပဲ မနေနိုင်... ရင်မှာတလှပ်လှပ်... ကျွဲရုပ်မြင်ရင် ဝင်ကလိုက်ရမှ...
.
.
.
ချစ်တယ်... အဲဒီကောင်လေးက သူ့ရေ သူ့မြေကို သိပ်ချစ်တယ်... သူ့လူတွေကို သိပ်ချစ်တယ်...သူ့လူတွေရဲ့ ဓလေ့ရိုးရာကို သိပ်ချစ်တယ်... သူနိုင်ငံကို သူသိပ်ချစ်တယ်...
.
.
.
ကဲ... တစ်ပွဲတစ်လှမ်း အကဲစမ်းရအောင် လာလေ့...
#sawjamesvlog
#myanmar