ခိုးယူ၊ လုယူ၍ မရသော ယောဘ၏ ပိုင်ဆိုင်မှု//Saya Ye Kyaw Thu//City Of Refuge//SOCD 2025
Ye Kyaw Thu
0:00 / 0:00
ခိုးယူ၊ လုယူ၍ မရသော ယောဘ၏ ပိုင်ဆိုင်မှု//Saya Ye Kyaw Thu//City Of Refuge//SOCD 2025
5 359 просмотров · 1 г. назад
Ye Kyaw Thu
9,08 тыс. подписчиков
5 359 просмотров · 1 г. назад
ကြွယ်ဝ ချမ်းသာဘို့ ဥစ္စာစီးပွါး လာဘ်လာဘ ငွေကြေးအတွက် ကိုးကွယ်တာကတော့
နတ် ကိုးကွယ်တဲ့ အဆင့်မှာပဲရှိတယ်။
———-
မြေကြီးပေါ်မှာ ထာဝရဘုရားကို ကိုးကွယ်သူ အများရှိတယ်။
အကျိုး ရရ မရရ ဘုရားကို သစ္စာနဲ့မေတ္တာနဲ့ကိုးကွယ်တာ ယောဘ တစ်ယောက်ပဲရှိတယ်။
တခြားသော ဘာသာ သာသနာတွေမှာတောင် သူတို့
ဘုရားက တရားကို ကျင့်ကြံ အားထုတ်ဘို့ပဲ ပြောကြတယ်။
ကြွယ်ဝ ချမ်းသာဘို့ ဥစ္စာစီးပွါး လာဘ်လာဘ အတွက် ကိုးကွယ်တာကတော့
နတ် ကိုးကွယ်တဲ့ အဆင့်မှာပဲရှိတယ်။
နတ်ဆိုတာ ကြည်ညိုဘို့ မလို၊ မြတ်နိုးဘို့ မလို ၊ ချစ်ဘို့ မလို၊ သစ္စာ မလို။
လောကီ လောကုတ္တရာကို မပိုင်းခြား၊ ယခုဘဝ နောင်ဘဝကို မရှင်းလင်း ၊ သာသနာပြုခြင်းကို မသွန်သင်၊
ဖြောင့်မတ် သန့်ရှင်းခြင်း တရားကို မညွှန်ပြဘဲ သူ့ကို
ပူဇော်ပသပြီး ကိုးကွယ်ရင် စီးပွါးဥစ္စာ တိုးပွါးအောင် လုပ်ဆောင်ပေးတယ်ဆိုတဲ့ အဆင့်မှာရှိတယ်။
ဘုရားကို ကိုးကွယ်ခြင်းမှာတော့ ကြည်ညိုခြင်း၊ မြတ်နိုးခြင်း၊သစ္စာတရား၊ မေတ္တာ တရားဆိုတဲ့ အရာတွေ မရှိမဖြစ် ပါလာတယ်။
လောကီ လောကုတ္တရာကို ပိုင်းခြားခြင်း၊ယခုဘဝ နောင်ဘဝကို ရှင်းလင်း ခြင်း၊ သာသနာပြုခြင်း
ဖြောင့်မတ် သန့်ရှင်းခြင်း နှိမ့်ချခြင်း၊ ရောင့်ရဲခြင်းဆိုတာတွေက မရှိမဖြစ် ပါကို ပါလာတယ်။
ယုံကြည်သူများအနေနဲ့ ဘုရားသခင်ကို
ကိုးကွယ်ကြတဲ့အခါ နံဝိညာဉ်နှင့်သစ္စာပါလျှက်
မှန်ကန်ပြီး အရည်အသွေးပြည့်မှီခြင်းအားဖြင့်
ဘုရားရှေ့မှာ တင့်တယ်သောသူများ ဖြစ်ကြပါစေ။
နာမတော်မြတ်၌
ရဲကျော်သူ
#soundsofheaven
#cityofrefuge
#sayayekyawthu
#SOCD2025
#ရဲကျော်သူ