Перейти к содержимому

Khit Thit Evening News | 21 September 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 21 September 2026

180 822 просмотра · 3 часа назад
Khit Thit Media
3,29 млн подписчиков
180 822 просмотра · 3 часа назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီဝင် ဖြစ်လာပြီး ပါတီအတွင်း အုပ်စုဖွဲ့မှု နဲ့ အကွဲအပြဲ မရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ လှသိန်းက ထုတ်ပြောလာပါတယ်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်ဘက်က ထိုး စစ်ဆင်ရင်းနဲ့ ရွှံ့နွံ့တွေအကြား သေကုန်ကြတဲ့ စစ်သားအလောင်းတွေ ၊ လက်နက်ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိမှုတွေနဲ့ စစ်သုံ့ပန်းတွေကိုပါ အရှင်ဖမ်းရမိထားတာတွေကု AA က ထုတ်ပြလာပြီး ၊ စစ်တပ်ရဲ့ ရခိုင်ထိုးစစ်ဟာ ဦးကျိုးသွားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့လယ်နဲ့ တာမွေမြို့နယ်တွေမှာ စစ်တပ်လက်အောက်ခံ လူမိုက် ထိန်လင်းဦးဆောင်တဲ့ အဖွဲ့တွေက လူငယ်တွေကို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်မှုတွေ လုပ်ဆောင်နေတဲ့အပြင် စစ်တပ်ထဲကိုလည်း ပုံမှန်လူဖမ်းပြီးပို့ပေးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောလာပါတယ်။ အမေရိကန် သမ္မတ ထရမ့်က လက်ရှိ အီရန်အရေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ရမည့်အခြေအနေကို ရောက်နေပြီလို့ ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။