Перейти к содержимому

မြန်မာ့ရိုးရာ ဘိန်းမုန့် လေးလုပ်စားမယ်

Cook for K1

0:00 / 0:00

မြန်မာ့ရိုးရာ ဘိန်းမုန့် လေးလုပ်စားမယ်

89 051 просмотр · 3 г. назад
Cook for K1
462 тыс. подписчиков
89 051 просмотр · 3 г. назад
မြန်မာ့ရိုးရာ မုန့်လေး တခုဖြစ်တဲ့ ဘိန်းမုန့်ကို ဆိုင်မှာရောင်းတဲ့အတိုင်း မွမွအိအိလေး လုပ်စားပါမယ်။ ဆိုင်မှာရောင်းတဲ့ မုန့်နှစ်က ညလုံးပေါက် အချဉ်ဖောက်ပေမယ့် အိမ်မှာလုပ်စားတဲ့အခါ အချဉ်ဖောက်တာ လွန်သွားတာ မဖြစ်စေအောင် ညလုံးပေါက် အချဉ်ဖောက်စရာမလိုဘဲ ကျွန်တော်က ပေါင်မုန့်လုပ်တဲ့အခါ သုံးတဲ တဆေးနဲ့ပဲ အချဉ်ဖောက်ထားပါတယ်။ မုန့်နှစ်ဖောက်မှ ဇလုံတခုထဲမှာ တအေး (Instant dry yeast) - လက်ဖက်ရည်ဇွန်း တဝက် သကြား - အနည်းငယ် ကြက်သီးနွေး ရေနွေး - အနည်းငယ် ထည့်ပြီး ၁၅ မိနစ်လောက်အခန်းအပူချိန်မှာ ထားထားပေးပါ။ ပြီးရင် တဆေးဖောက်ထားတဲ့ ဇလုံထဲမှာဲ ဆန်မှုန့် - ချိန်ခွက် ၂ ခွက် (နို့ဆီဗူး ၂ ဗူး) ကြက်ဥ - ၂ လုံး နို့ဆီ - ၁ ဇွန်း (ထမင်းစားဇွန်း) ဆား - အနည်းငယ် ထန်းလျက်ရည် ခပ်ပျစ်ပျစ် - ၄ ဇွန်း ( ထမင်းစားဇွန်း) ရေအေး - ခွက် တဝက် (နို့ဆီဗူး တဝက်) ထည့်ပြီး အားလုံး မွှေပေးပါ။ နို့ဆီပျစ်ပျစ်အနေအထား ရအောင် ဖျော်ထားပေးပါ။ သေချာ မွှေပေးပြီး အဖုံးလေး တခုခုနဲ့ ဖုံးပြီးရင် အခန်းအပူချိန်မှာ ၁ နာရီ ထားပေးပါ။ ၁ နာရီကြာတဲ့အခါ မုန့်နှစ်ကို ဇွန်းနဲ့ မွှေကြည့်လိုက်ရင် ခပ်မွမွလေးဖြစ်နေတာကို သတိထားမိမှာပါ။ အချိန်ရရင် ၂ နာရီလောက်နှပ်ထားရင် မုန့်က ပိုပြီးပွပါတယ်။ ပြီးရင် မုန့်ပွဆေး (Baking powder) - လက်ဖက်ရည်ဇွန်း၄ပုံ၁ပုံ လောက်ထည့်ပြီးနှံ့စပ်အောင် မွှေပေးလိုက်ပါ။ မုန့်ကိုပိုပြီး ပွစေဖို့အတွက်ပါ။ ပြီးမှ မုန့်နှစ်ထဲကို ထောပတ် - ၂ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပါ။ ဘိန်းမုန့်ပေါ်တင်ဖို့အတွက် ဘိန်းစေ့ အုန်းသီး မြေပဲ စပျစ်သီးခြောက် အနည်းငယ်လိုပါတယ်။ မုန့်လုပ်မယ့် အိုးလေးထဲမှာ ထောပတ် ၁ ဇွန်းထည့်ပါ။ ဆီပူလာရင် မုန့်နှစ်ကို မုန့်တခုစာထည့်မယ်။ အပေါ်မှာ ဘိန်းစေ့ အုန်းသီး မြေပဲ စပျစ်သီးခြောက် ထည့်ပြီး အဖုံးလေးပိတ်မယ်။ ၂ မိနစ်လောက် ကြာရင် နောက်တဖက်လှန်ပြီး အပူပြန်ပေးရင် မွှေးပြီး အိအိမွမွလေးနဲ့ စားကောင်းတဲ့ ဘိန်းမုန့်ကို ရပြီဖြစ်ပါတယ်။ သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။