Перейти к содержимому

ဒေါ် မေရှင် တွေ့ဆုံခန်း (အပိုင်း-၁) မြန်မာ ရုပ်ရှင် သီချင်း A1 FILM May Shin Burmese Myanmar Song

Antique collectors Haven

0:00 / 0:00

ဒေါ် မေရှင် တွေ့ဆုံခန်း (အပိုင်း-၁) မြန်မာ ရုပ်ရှင် သီချင်း A1 FILM May Shin Burmese Myanmar Song

22 246 просмотров · 5 лет назад
Antique collectors Haven
5,29 тыс. подписчиков
22 246 просмотров · 5 лет назад
မြန်မာ့ရုပ်ရှင်သက်တမ်း တစ်လျှောက် လျှမ်းလျှမ်းတောက် အောင်မြင်ကြော်ကြားခဲ့သော ရုပ်ရှင်မင်းသား၊ မင်းသမီးကြီးတို့၏ သက်ရှိ ထင်ရှားရှိစဉ် တွေ့ဆုံမေးမြန်းမှုများကို မြန်မာ့အသံမှ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။ သို့သော် တချို့ရှားပါး မှတ်တမ်း မှတ်ရာများသည် အကြောင်းအားလျော်စွာ ပြန်လည်ပြသ ထုတ်လွှင့်နိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ကျွန်တော်များ Antique Collectors Haven မှ ထိုရှားပါး မှတ်တမ်းမှတ်ရာများအား ကြိုးပမ်းလိုက်လံရှာဖွေတွေ့ရှိမျှများအား အချိန်နှင့် တပြေးညီတင်ဆက်ပေးနေပါသည်။ ယခုအခါ ၁၉၈၂ မှ ခေတ်ဟောင်း ဓါတ်ပြားအဆိုတော်၊ ရုပ်ရှင် ဇာတ်လိုက်မင်းသမီးကြီး (ဒေါ်)မေရှင်၏ တွေ့ဆုံဆွေးနွေးခန်းတွင် စစ်ကြိုခေတ်က သူမရုပ်ရှင်လောကသို့ ဝင်ရောက်ရောက်လာပုံ၊ သူမ၏ အကြိုက်ဆုံး ဇာတ်ကားနှင့် ဒုတိယကမ္ဘာစစ်အတွင်း သူမဘဝ အဖုံဖုံကို သူမ၏ မူရင်းရင်တွင်းခံစားချက်အတိုင်း Antique Collectors Haven ပရိသတ်ကြီးနှင့် ကျွန်တော်များ ဂီတသီးသန့်စာမျက်နှာ ဂီတထံတျာ အနုပညာအသံပြခန်း ပရိသတ်ကြီး ဗဟုသုတရစေရန် အလို့ဌာ တင်ပြလိုက်ရပါသည်။ စစ်ကြိုခေတ် သူမရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ စာရင်း ၁။ ဖူးစာရှင်(၁၉၃၇)- ချစ်ရွှေ၊ မေရှင် ဒါရိုက်တာ မောင်တင်မောင် (သံစုံသွင်း) ၂။ မိန်ရာသီ(၁၉၃၈)- ဘမြင့်၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (သံစုံသွင်း) ၃။ မောင့်ဝိဉာဏ်(၁၉၃၈)- ဘမြင့်၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (သံစုံသွင်း) ၄။ မြှားနတ်မောင် (၁၉၃၉)- မောင်တင်မောင်၊ မေရှင် ဒါရိုက်တာ မောင်တင်မောင် (အသံထွက်) ၅။ ချစ်အမျှ (၁၉၄၀)- မောင်တင်မောင်၊ မေရှင်၊ မေမြင့် ဒါရိုက်တာ မောင်တင်မောင် (အသံထွက်) ၆။ စောင်းတော်ရှင် (၁၉၄၁)- ပြည်လှဖေ၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (အသံထွက်) ၇။ ချစ်ရေစင် (၁၉၄၁)- မောင်တင်မောင်၊ မေရှင် ဒါရိုက်တာ ဦးတင်နွယ် (အသံထွက်)