Перейти к содержимому

cj weather 9 00am

CJ Platform

0:00 / 0:00

cj weather 9 00am

13 255 просмотров · 22 ч назад
CJ Platform
148 тыс. подписчиков
13 255 просмотров · 22 ч назад
မုန်တိုင်းအရှိန်နဲ့ ဒေသ ၃ ခုမှ မိုးရွာနိုင်ပေမယ့် အပူရှိန်ဆက်မြင့်မယ် ဒီနေ့ နိုဝင်ဘာ ၃ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီနေ့ နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့အတွက် မြန်မာနိုင်ငံရဲ့ မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဆုံး ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မူရာဆု” ရဲ့ အခြေအနေကို ကြည့်လိုက်ရအောင်ပါ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မူရာဆု” ဟာ ဒီနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်ကျော်နိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာန IMD က ခန့်မှန်းထားပါတယ်။အထူးသဖြင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းက နယ်လိုရီနဲ့ နာစာပါမြို့ကြားကနေ ကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ #CJPlatform #မိုးလေဝသ #ဆိုင်ကလုန်းမုန်တိုင်း #မိုးလေဝသခန့်မှန်းချက် #တောင်သူလယ်သမား