ရွေးကောက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်ပိုင်ကျွန်းကို အမေရိကန် တိုက်ခိုက်| People's Spring
People's Spring
0:00 / 0:00
ရွေးကောက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်ပိုင်ကျွန်းကို အမေရိကန် တိုက်ခိုက်| People's Spring
1 799 просмотров · 9 ч назад
People's Spring
708 тыс. подписчиков
1 799 просмотров · 9 ч назад
ရွေးကောက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်ပိုင်ကျွန်းကို အမေရိကန် တိုက်ခိုက်
နိုဝင်ဘာ-၃ ၊ ၂၀၂၆
သက်တမ်းဝက် ရွေးကောက်ပွဲ မစခင် နာရီပိုင်း အလိုမှာ အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် အာဏာပိုင်တွေကတော့ ဟောမုဇ် ရေလက်ကြားမှာ ရှိနေတဲ့ အီရန်ပိုင် ကက်ရှမ်ကျွန်းမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဟာ အကန့်အသတ်နဲ့သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန် အစိုးရပိုင် IRNA သတင်းဌာက ကျွန်းပေါ်မှာ အောက်တိုဘာ ၂ ရက်နေ့က ပေါက်ကွဲသံတွေ ကြားနေခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
ဒေသတွင်းမှာ ပျံသန်းနေတဲ့ အမေရိကန် လေယာဉ်တစ်စီးကို အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ပစ်ခတ်ခဲ့တဲ့နောက် အခုလို လက်တုံ့ပြန်ခဲ့တာလို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ နောက်ပိုင်းကျရင် အီရန်ကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်တယ်လို့ သတိပေးထားရာက နိုဝင်ဘာ ၂ ရက်နေ့မှာ အမေရိကန်က ကက်ရှမ်ကျွန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသရဲ့ အမေရိကန် စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟို စစ်ဌာနချုပ် (CENTCOM)ကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ပြီးတော့ ကက်ရှမ်ကျွန်းကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီး မကြာခင်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ရေး ပဋိပက္ခတွေ ပြန်စလာတာကို ရှောင်ဖို့ အီရန်နဲ့ ဆွေးနွေးမှုတွေ ဖြစ်မြောက်လာနိုင်တယ်လို့ လူမှုကွန်ရက် မီဒီယာပေါ်မှာ ရေးသားထားခဲ့ပါတယ်။
အီရန်က ပြေလည်မှု တစ်ခုကို အမြန်ဆုံး အလိုရှိနေပြီး ဒီကိစ္စကလည်း ဖြစ်လာနိုင်ခြေရှိကြောင်း ထရမ့်က ဆိုပါတယ်။ ထရမ့်ဟာ အမေရိကန် ပြည်သူတွေ ထောက်ခံမှု မရှိတဲ့ အီရန်စစ်ပွဲကို ဆင်နွှဲခဲ့ပြီး အဆုံးမသတ်နိုင်တာကြောင့် ဖိအားတွေနဲ့ ကြုံနေရပါတယ်။
ဒါပေမဲ့ သူကတော့ အီရန်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ဘဏ္ဍာရေးအရ အကြီးအကျယ် ယိမ်းယိုင်နေပြီ ဖြစ်ကြောင်း၊ အမေရိကန်အတွက် တစ်ခုခုကို အဆောတလျင် ထလုပ်စရာ ဘာမှ မလိုကြောင်း Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
အီရန်မှာ ပိုက်ဆံရော၊ ဓာတ်ဆီရော မရှိတော့ကြောင်း၊ အီရန်လူထုကလည်း အဲဒီ အခြေအနေကို အရမ်း ပင်ပန်း စိတ်ပျက်နေပြီဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။
အီရန်ပိုင် ကျွန်းတစ်ခုကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ခဲ့ပေမယ့်လည်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်ကတော့ သူရော၊ သမ္မတ ထရမ့်ပါ စစ်ရပ်စဲရေး ညှိနှိုင်းမှု တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: Euronews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အမေရိကန် #အီရန် #ရွေးကောက်ပွဲ #စစ်ရေးတိုက်ခိုက်မှု #အရှေ့အလယ်ပိုင်းအရေး #နိုင်ငံတကာသတင်း #US #Iran #MilitaryStrike #MiddleEastConflict #InternationalNews