CIဖျက်သိမ်းရေးဆန္ဒပြပွဲအကြမ်းဖက်သူတွေကို အမှုဖွင့်ရာ ထိုင်းရဲတပ်ဖွဲ့ အမှုလက်ခံ | People's Spring
People's Spring
0:00 / 0:00
CIဖျက်သိမ်းရေးဆန္ဒပြပွဲအကြမ်းဖက်သူတွေကို အမှုဖွင့်ရာ ထိုင်းရဲတပ်ဖွဲ့ အမှုလက်ခံ | People's Spring
6 125 просмотров · 13 ч назад
People's Spring
708 тыс. подписчиков
6 125 просмотров · 13 ч назад
CIဖျက်သိမ်းရေးဆန္ဒပြပွဲအကြမ်းဖက်သူတွေကို အမှုဖွင့်ရာ ထိုင်းရဲတပ်ဖွဲ့ အမှုလက်ခံ
နိုဝင်ဘာ-၃၊ ၂၀၂၆။ People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအရေးဆန္ဒပြပွဲကို လာရောက်နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူတွေကို ထိုင်းရဲတပ်ဖွဲ့ဆီ သွားရောက်အမှုဖွင့်တိုင်ကြားရာမှာ ရဲတပ်ဖွဲ့က အမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Futureကွန်ရက်မှာပါဝင်တဲ့ ကိုဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။
နိုဝင်ဘာ ၂ရက် မနေ့က ဆေးစစ်ချက်ယူပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ရာ အမှုကို လက်ခံခဲ့ကြောင်းနဲ့ နောင်မှာ အဲဒီလို မဖြစ်အောင် အရေးယူပေးမယ်လို့ ပြောကြောင်း ဆူရတ်ဂျ်ဂီရီက ပြောပါတယ်။
ဆက်လက်ပြီး ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီကိုလည်း တိုင်ကြားမယ်လို့လည်း သူက ပြောပါတယ်။
နိုဝင်ဘာ ၁ရက် မနက်ပိုင်းမှာ ထိုင်းရောက်မြန်မာလုပ်သားတွေစုစည်းထားတဲ့ Bright Future ရဲ့ဆူရတ်ဂ်ျဂီရီအပါအဝင် မြန်မာလုပ်သားတွေက CIဖျက်သိမ်းပေးရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပေးရေး၊ စစ်တပ်ဆီ အခွန်မဆောင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျရှုံးရေး စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စတင်ဆန္ဒပြချိန် မိနစ် ၂၀ ကျော်အကြာမှာ ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေးအဖွဲ့က လူ ၁၀ဦးလောက်ဟာ ကားနဲ့ရောက်လာပြီး ဆန္ဒပြပွဲဦးဆောင်သူ ဆူရတ်ဂ်ျဂီရီကို အကြမ်းဖက်ထိုးကြိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ တရားဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်ခဲ့ကြသူတွေကို ဥပဒေအရ တိုင်ကြားတာလို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။
ထိုင်းအများစုက CI မလုပ်ရေးလက်ခံကြကြောင်းနဲ့ CI ဖျက်သိမ်းရေးကို ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဆူရတ်ဂ်ျဂီရီက ဆိုပါတယ်။
UNရုံးရှေ့မှာ အကြမ်းဖက်ထိုးကြိတ်မှုနဲ့ပတ်သက်လို့ ထိုင်းအတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ဦးက အပြင်းအထန်ရှုတ်ချခဲ့ပြီး နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေကြောင့် အကြမ်းဖက်ရိုက်နှက်ခွင့် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကိုလည်း လူမျိုးမခွဲခြားဘဲ စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။
=====
စစ်တပ်က ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲပြန်
နိုဝင်ဘာ-၃၊ ၂၀၂၆။ People’s Spring
စစ်တပ်ဟာ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာဝန်းကျင်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို နိုဝင်ဘာ ၂ ရက်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ၂ ရက် မနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ စနဲမင်းပြင်ရွာအနီးက စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို ဂျိုင်ရိုကော်ပတာ ၁ စီးနဲ့ ဗုံးနှစ်လုံးလာကြဲသွားခဲ့တာပါ။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုက စစ်ရှောင်စခန်းပေါ် တည့်တည့်ကျပြီး နေအိမ်တွေလည်း ပျက်သွားတယ်လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။ စစ်တပ်ဟာ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့က စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အပြင် နွား ၁ ကောင်သေဆုံးခဲ့သလို ၁ကောင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာ ၁ ရက်က စနဲမင်းပြင်ရွာကို ဗုံးကြဲခဲ့မှုကြောင့်လည်း အရပ်သား ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁ရက်မှာပဲ ရခိုင်တပြည်နယ်လုံးနီးပါးက လူနာတွေအတွက် အဓိကအားထားရာ မြောက်ဦးဆေးရုံ၊ ကျောက်တော်မြို့ နယ် ဝါးတောင်ရွာထိပ်က ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးရွာတို့ကိုလည်း ဗုံးကြဲခဲ့ပြီး လသားအရွယ်ကလေးငယ်အပါအဝင် ၁၃ ဦးထက်မနည်း သေဆုံးပြီး၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ပေါက်တောမြို့နယ် ငပြီကျွန်းကမ်းတက်တိုက်ပွဲနဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်းက တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ ဗုံးကြဲနေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #CIဖျက်သိမ်းရေး #ဆန္ဒပြပွဲ #အကြမ်းဖက်မှု #ထိုင်းရဲတပ်ဖွဲ့ #အမှုဖွင့်တိုင်ကြားမှု #ရွှေ့ပြောင်းလုပ်သား #ထိုင်းရောက်မြန်မာလုပ်သားများ #မြန်မာ့သတင်း #နိုင်ငံတကာသတင်း #CIDocument #Protest #Violence #ThaiPolice #LegalCase #MigrantWorkers #MyanmarWorkersInThailand #MyanmarNews #InternationalNews #ကျောက်ဖြူမြို့နယ် #စစ်ဘေးရှောင်စခန်း #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #မြန်မာ့သတင်း #Kyaukphyu #IDPCamp #Airstrike #JuntaAirForce #RakhineConflict #MyanmarConflict #MyanmarNews