Перейти к содержимому

ဝက်သားတုတ်ထိုး(Pork Offal)

Oo Naing A Sar Ta Line Cooking And Eating

0:00 / 0:00

ဝက်သားတုတ်ထိုး(Pork Offal)

159 922 просмотра · 6 лет назад
Oo Naing A Sar Ta Line Cooking And Eating
149 тыс. подписчиков
159 922 просмотра · 6 лет назад
ဝက်သားတုတ်ထိုးပြုလုပ်ရန်ပထမဆုံးကိုကြိုက်နှစ်သက်ရာကလီစာကို​ရွေးဝယ်ပါ, ​အူမကြီးသန့်စင်ရန်, အူပိတ်ပြုလုပ်ရန် အချိန်ယူရပါတယ်, အခြားအရာများကို ​​ကော်မှုန့်, ဆား ,ရှာလကာရည် အဆင်​ပြေတာဖြင့်နယ်ဖတ်ပြီး​ရေ ၅ကြိမ်​လောက်​ဆေးပါ,အူမကြီးအတွင်းဖက်ကို ဓါးနဲ့ခြစ်ပီး ပဲဆီသုပ်၍​ဆေးပါ, အူများကိုဒီအတိုင်းအပြင်ဖက်ကိုအရင်​ဆေးပါ,ပြီးရင် အတွင်းဖက်ကိုလှန်၍​ဆေးပါ, ထို​နောက် နဂိုအတိုင်းပြန်လှန်ပြီး တခု​အတွင်းကိုတခု​​ဖြေး​ဖြေးချင်းထိုးထည့်ပြီး ကြပ်​နေ​​အောင် ၃ထပ်​လောက်ထည့်ပါ ပီးရင် ထိပ်နှစ်ဖက်ကို အပ်ချည်ကြိုးဖြင့်ချည်ပါ, ဝက်လျှာကိုလည်း​ရေ​နွေးဆူဆူထဲ၅မိနစ်​လောက်ထည့်ပီး လျှာ​ပေါ်က အရိအချွဲများကိုဓါးနဲ့ခြစ်ပါ,အ​မွှေးနံ့သာများကိုလည်းကြိုက်နှစ်သက်ရာကိုပို၍ထည့်နိုင်ပါတယ်,ကျန်ရှိသည်များကို ဗီဒီယိုတွင်ဆက်လက်ကြည့်ရှု့နိုင်ပါတယ်,အား​ပေး​နေကြတဲ့အစားတလိုင်းပရိတ်သတ်ကြီးကို​ကျေးဇူးများစွာတင်ရှိပါတယ်။ ပါဝင်ပစ္စည်းမျာ, -ဝက်ကလီစာ = ၁ပိသာ ၅၀ -ဂျင်း = ၃ဆစ် အရည်ညစ် -နံနတ်ပွင့် =၅ပွင့် -​​​လေးညင်း =၅ပွင့် -ငရုတ်​ကောင်း = ၁လဖဇ -ပဲငံပြာရည်အပြစ် =၃စပဇ -ပဲငံပြာရည်အကြည်=၄စပဇ -သကြား =၄စပဇ -ဆား = ၂စပဇ ဦးနိုင်အစားတလိုင်းကမိတ်​ဆွေများခင်ဗျာ စဥ်ဆက်မပျက်တင်​ပေး​နေတဲ့ဗီဒီယို​လေး​တွေကိုအရင်ဆုံးသိရှိနိုင်အောင်ဦးနိုင်ရဲ့ YouTube Channelမှာ Subscribe နဲ့ Notification​​ခေါင်း​လောင်းလေးနှိမ့်ပီးအား​ပေးပါအုံးလို့​​မေ တ္တာရပ်ခံပါတယ်ခင်ဗျာ။ Oo Naing အစားတလိုင်း_Youtube Channel    / oonaingasartalinecookingandeating   Oo Naing အစားတလိုင်း_FaceBook Page   / oonaingg   Oo Naing အစားတလိုင်း_Instagram page   / oonaingasartaline   Oo Naing A Sar Ta Line ကိုဝင်​ရောက်ကြည့်ရှု့အား​ပေး​ကြသောချစ်ရတဲ့ပရိတ်သတ်များ​ဘေးဘရာ​ဝေးကွာပြီး​ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေဗျာ။ -