Перейти к содержимому

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၂၀ ရက်

နေ့စဥ်ခွန်အား - Our Daily Bread Myanmar

0:00 / 0:00

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၂၀ ရက်

2 770 просмотров · 3 дня назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
12,9 тыс. подписчиков
2 770 просмотров · 3 дня назад
ဘုရားသခင်၏သားသမီးများ https://myanmar-odb.org/2026/09/20/ch... ယနေ့ဖတ်ရန်ကျမ်းချက် ၁ ယော ၃:၁၈-၂၄ https://odb-ministries.org/bible/mm/r...   / myanmar.odb     / ourdailybreadmyanmar   ထင်ဟပ်ဖော်ပြချက် ဘုရားသခင်၏သားသမီးများ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ ကျွန်ုပ်တို့သည် “ဘုရားသား”ဖြစ်လာပါသည်(ရှင်ယောဟန်ခရစ်ဝင် ၁း၁၂)။ “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဥ်တော်သည် ငါတို့၏ ဝိညာဥ်နှင့်အတူ သက်သေခံတော်မူ၏။ (မှန်ကန်ကြောင်း အတည်ပြုပေး၏)” (ရောမဩဝါဒစာ ၈း၁၆၊ ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃း၂၄)။ သားဖြစ်ခြင်းသည် “ယုံကြည်ခြင်းအားဖြင့်”(ဧဖက်ဩဝါဒစာ ၂း၈) ဘုရားသခင် ပေးသနားသော လက်ဆောင်ဖြစ်သည်။ ကျွန်ုပ်တို့ကြိုးစားရယူ၍ မရနိုင်ပါ။ ဘုရားသခင်၏ ချစ်သားများအနေဖြင့် ကျွန်ုပ်တို့အား ဘုရားရှင် မည်မျှချစ်သည်ဆိုလျှင် သူနှင့်တစ်ဦးချင်းဆက်ဆံမိတ်ဖွဲ့ရခွင့်၊ ထာဝရအသက်၊ သန့်ရှင်းသောဝိညာဥ်တော်၏လမ်းပြမှုတို့ကို ပေးသနားသည်(ရောမဩဝါဒစာ ၈း၁၄)။ ထို့ပြင် ဘုရားသခင်၏အမွေခံ၊ သခင်ယေရှုနှင့်ဆက်ဆံသောအမွေခံ(း၁၇) အဖြစ်လည်း သတ်မှတ်ခံရပါသည်။ သူ့အတွက် အသက်ရှင်လျက် သူ့အား အစေခံရန် ဤဘဝ၌ လိုအပ်သည့် နှစ်သိမ့်သက်သာခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ခွန်အားများကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးသည်။ ဘုရားသခင်၏သားသမီးများအနေဖြင့် “သေခြင်း ဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုး ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ လာလတံ့သောအရာဖြစ်စေ၊ ... အဘယ်နိမ္မိတအရာမျှသည် ... ဘုရားသခင်၏ မေတ္တာ‌တော်နှင့် ငါတို့ကို မကွာစေနိုင်”ပါ(း၃၈-၃၉)။ စာရေးသူ အယ်လီဆန်ကီဒါ