Перейти к содержимому

Arakanese Sasana 01 ရခိုင်သာသနာဝင် ၀၁၊ ဦးဦးသာထွန်း (ရခိုင်မြန်မါပဏ္ဍိတ်) ရခိုင့်သာသနာဝင် ၀၁

Kaung Tun Kyaw

0:00 / 0:00

Arakanese Sasana 01 ရခိုင်သာသနာဝင် ၀၁၊ ဦးဦးသာထွန်း (ရခိုင်မြန်မါပဏ္ဍိတ်) ရခိုင့်သာသနာဝင် ၀၁

8 776 просмотров · 3 года назад
Kaung Tun Kyaw
1,03 тыс. подписчиков
8 776 просмотров · 3 года назад
ရခိုင်သာသနာဝင်ကျမ်းအား ရွီးသားခသည့် အသျှင်သူမြတ်နှင့် ဦးဦးသာထွန်း။ ကံမကောင်းအကြောင်းမလှစွါဖြင့် ဤအသျှင်သူမြတ်ရွီးသားအပ်နှံခသော ရခိုင်သာသနာဝင်ကျမ်းမှါ ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ထုတ်ဝီးခြင်းမဟိခသကဲ့သို့ အသျှင်မြတ်တွင်လည်း ယင်းကျမ်းမိတ္တူမကျန်ဟိခပဲ ဤအသျှင်မြတ်မှပင် သက်တော်အရွယ်ကြီးရင့်ပြီးမှ ပြန်လို့ရွီးသားရသောအခါ အယင်ရွီးခသောကျမ်းလောက် ပြည့်စုံကောင်းမွန်ခြင်း မဟိတော့ပေ။ ဓါတ်ပုံမှါ ရခိုင်သာသနာကျမ်းအား ရွီးသားရန် တာဝန်ပီးအပ်သည့်နိကပုံလား၊ ကျမ်းရွီးသားအပ်နှံသည့်နိကပုံလား သဲကွဲစွါမသိရပါ။ ယင်းအချိန်က ရခိုင်သမိုင်း၊ ယဉ်ကျေးမှုနှင့် သာသနာဆိုင်ရာစါအုပ်စါပီများကို ရွီးသားကတ်ရန် ဒေါက်တာစေါမြအောင်ဦးဆောင်သော ရခိုင်သဟာယအသင်းဝင် ရန်ကုန်နီရခိုင်ရို့က ဆန္ဒဟိခပြီး သမိုင်းနှင့် ယဉ်ကျေးမှုကို ရခိုင်မြန်မါပဏ္ဍိတ်ကရွီးသားရန်နှင့် သာသနာဝင်အား ဦးဦးသာထွန်းမှကြီးကြပ်ပြီး ဤအသျှင်သူမြတ်အား ရွီးသားရန်တာဝန်ပီးအပ်ခသည်ဟု သိရပါသည်။ ဦးဦးသာထွန်းတာဝန်ယူခသော သမိုင်းယဉ်ကျေးမှုများမှါ မည်သည်မိတ္တူအား ရခိုင်သဟာယအတွက်ရည်ရွယ်ခကြောင်း အကျွန်မသိပါ။ သို့သော်လည်း သာသနာဝင်မှါမူ ပြီးစီးအပ်နှံနိုင်ခကြောင်းအား မှတ်တမ်းတွိရပါသည်။