Dinner Cruise in Chao Phaya River is So Crazy | ကျောက်ဖရားမြစ်ထဲ သင်္ဘောစီးပြီး ညစာစားမယ်ဆိုရင်
Thiha, the Traveller
0:00 / 0:00
Dinner Cruise in Chao Phaya River is So Crazy | ကျောက်ဖရားမြစ်ထဲ သင်္ဘောစီးပြီး ညစာစားမယ်ဆိုရင်
1 611 просмотров · 2 г. назад
Thiha, the Traveller
62,9 тыс. подписчиков
1 611 просмотров · 2 г. назад
ဘန်ကောက်ရောက်ပြီဆို ကျောက်ဖရားမြစ်ပေါ်မှာ သင်္ဘောစီးပြီး ညစာစားရတာလည်း အရသာတစ်ခုပါ။ ဘူဖေးညစာကို ဖျော်ဖြေရေးအစီအစဉ်တွေ နားထောင်ရင်း ဘန်ကောက်ရဲ့ ညအလှကို လေညင်းခံ သင်္ဘောပေါ်မှာ ခံစားရတာ ဘဝရဲ့နိဗ္ဗာန်လို့ တင်စားတတ်ကြပါတယ်။ ဒါပေမဲ့ များပြားလွန်းတဲ့ အပျော်စီး ညစာစားသင်္ဘောတွေထဲမှာ ဘယ်တစ်ခုက ပိုကောင်းလဲ ရွေးရခက်လွန်းပါတယ်။ သိပ်မတွေဝေဘဲ The Opulence Cruise ကို ရွေးလိုက်တာ အမှန်ဆုံးပါ။ ဝန်ဆောင်မှုကောင်းတယ်၊ ညစာဘူဖေး အရသာရော၊ ပါဝင်တဲ့ဟင်းလျာတွေရော ကောင်းတယ်။ ဖျော်ဖြေရေးပိုင်းကလည်း တာဝန်ကျေလွန်းပြီး ညစာလာစားသူတွေ အကုန် ပျော်အောင် ထားတယ်။ ဈေးကလည်း တစ်ဦးကိုမှ ဘတ် ၁၄၀၀ ပဲမို့ ဈေးတော်တယ်ပြောရမယ်။ ကျွန်တော်ကတော့ လက်မှတ်ကို Dream Journery Travels & Tours က ဝယ်ပါတယ်။ ကျွန်တော့်ဆီ တိုက်ရိုက်လာဝယ်လည်း ကူရောင်းပေးပါတယ်ဗျား။ ဘန်ကောက်မှာ ဒီတစ်ခါ Cruise စီးရင် ဒီ Cruise စီးကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။
.
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် | Thiha, the Traveller