Перейти к содержимому

စစ်ကိုင်းတွင် ၁၂ တန်းကျောင်းသားများပါ စစ်မှုထမ်းမဲနှိုက်ရမည်ဟုဆို၊ ပေါ်တာဆွဲမှု ပိုဆိုးလာ

MizzimaTV

0:00 / 0:00

စစ်ကိုင်းတွင် ၁၂ တန်းကျောင်းသားများပါ စစ်မှုထမ်းမဲနှိုက်ရမည်ဟုဆို၊ ပေါ်တာဆွဲမှု ပိုဆိုးလာ

6 103 просмотра · 8 ч назад
MizzimaTV
3,36 млн подписчиков
6 103 просмотра · 8 ч назад
စစ်ကိုင်းမြို့မှာ ​​​၁၂ တန်းကျောင်းသား​​တွေပါ စစ်မှုထမ်းဖို့ မဲနှိုက်ရမယ်လို့ဆို၊ နေ့​ရောညပါ ပေါ်တာဆွဲမှု ပိုမိုဆိုးရွားလာ(ရုပ်သံ) ဓာတု(အောက်တိုဘာ ၂၅) မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းဖမ်းဆီးမှုတွေဟာ ပိုမိုဆိုးရွားလာနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေနဲ့ လမ်းမတွေပေါ်မှာ နေ့ရောညပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိနေပြီး၊ တခြားမြို့တွေထက် ပိုမိုများပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းသားတွေပါ စစ်မှုထမ်းဖို့ မဲနှိုက်ရမယ့်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ လာမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးတာနဲ့ Grade-12 (၁၂ တန်း) ကျောင်းသားတွေကို စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းမယ်လို့ ဆိုပါတယ်။ မဲပေါက်ခဲ့ရင် ကင်းလွတ်ခွင့်တစုံတရာ ရရှိမှာမဟုတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ တဖက်မှာလည်းအတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမှုတွေကြောင့် အရင်က အမျိုးသားတွေ လုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင်တချို့ကို အမျိုးသမီးတွေက အစားထိုး လုပ်ကိုင်လာရတယ်လို့လည်း သိရပါတယ်။ လက်ရှိအခြေအနေဟာ အရင်ကထက် ပိုမိုဆိုးရွားလာပြီး စက်ရုံနဲ့ အလုပ်ရုံတွေအနီးအထိ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိလာတာကြောင့် အမျိုးသားတွေဟာ အိမ်အပြင်ထွက်သွားလာမှုကိုပါ လျှော့ချလာကြတယ်လို့ သိရပါတယ်။ အ​ကြောင်းအရာအပြည့်စုံကို​တော့ ​အောက်ကရုပ်သံမှာဆက်ကြည့်ရ​အောင်ပါ..... တင်ဆက်/တည်းဖြတ်-ဓါတု #MizzimaNews #စစ်ကိုင်းမြို့ #စစ်မှုထမ်း #မဲနှိုက် #ပေါ်တာဆွဲ ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co