Перейти к содержимому

မနက်ဖြန် အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေအတွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

0:00 / 0:00

မနက်ဖြန် အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေအတွက် မိုးလေဝသခန့်မှန်းချက်

30 363 просмотра · 20 часов назад
CJ Platform
145 тыс. подписчиков
30 363 просмотра · 20 часов назад
မနက်ဖြန် အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေအတွက် မိုးလေဝသခန့်မှန်းချက် မြန်မာနိုင်ငံဒေသအချို့မှာ မိုးကြိုးမုန်တိုင်းနဲ့ လေပြင်းအန္တရာယ်ရှိ၊ ခရမ်းလွန်ရောင်ခြည်လည်း မြင့်မားနေ CJ Platform မနက်ဖြန် အောက်တိုဘာ ၁၁ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက်ကို တင်ဆက်ပေးသွားပါမယ်။လက်ရှိ ထိုင်းပင်လယ်ကွေ့အနီးမှာ ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းဟာ မနက်ဖြန်မှာ ကပ္ပလီပင်လယ်ပြင်အတွင်းကို ရွေ့လျားလာနိုင်ပါတယ်။ အိန္ဒိယမိုးလေဝသဌာန IMD ရဲ့ ခန့်မှန်းချက်အရလည်း ဒီစနစ်ဟာ အောက်တိုဘာ ၁၃ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပါတယ်။ ဒါကြောင့် လာမယ့်ရက်တွေမှာ ပင်လယ်ပြင်က လေနွေးစိုတွေ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေဆီ ဝင်ရောက်လာပြီး မိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင်ပါတယ်။မနက်ဖြန်မှာ မိုးရွာနိုင်တဲ့ဒေသတွေကို ပြောပြရရင် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ပိုင်းတို့မှာ နေရာအနှံ့အပြား မိုးအသင့်အတင့်ကနေ မိုးများအထိ ရွာနိုင်ပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #မိုးကြီးနိုင် #ရေကြီးမြေပြိုသတိပြု #အပူချိန်မြင့်တက်