Перейти к содержимому

Khit Thit Afternoon News | 11 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 11 October 2026

167 606 просмотров · 5 часов назад
Khit Thit Media
3,3 млн подписчиков
167 606 просмотров · 5 часов назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာတစ်နိုင်ငံလုံး ကျောင်း၊ ရုံး၊ ဌာနတွေမှာ ချိတ်ဆွဲတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို တစ်ပြေးညီဖြစ်စေဖို့ဆိုကာ မူလက အသုံးပြုခဲ့တဲ့ ပုံအဟောင်းတွေ ပြန်ဖြုတ်ခိုင်းပြီး ဝန်ကြီးဌာနအလိုက် မင်းအောင်လှိုင်ဓာတ်ပုံအသစ်တွေကို တစ်ပုံလျှင် ငွေကျပ် ၃၀၀၀ နဲ့ ဝယ်ယူလဲလှယ်ခိုင်းပြန်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ သိသိသာသာ ထိခိုက်ဆုတ်ယုတ်ခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဉ်း အောက်မှာ နေထိုင်နေရကာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်က လွတ်မြောက်ရေးလုပ်ငန်းစဉ်လည်း နှောင့်နှေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်မွန်းမြို့ရှိ နန့်မွန်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်တပ် မဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပြင်းထန်စွာရှုတ်ချလိုက်ပြီး ယင်းလုပ်ရပ်ဟာ ဘာသာရေးလွတ် လပ်ခွင့်ကို အကြီးအကျယ်ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကျောထောက်နောက်ခံပြုထားသည့် ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့ကို ဆော်ဒီအာရေဗျက တိုက်ခိုက်နေမှုတွင် အမေရိကန်ပါဝင်လာနိုင်တယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လည်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။