Перейти к содержимому

ယနေ့ ( ၈ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

PSM Myanmar

0:00 / 0:00

ယနေ့ ( ၈ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

60 661 просмотр · 1 дн. назад
PSM Myanmar
57,4 тыс. подписчиков
60 661 просмотр · 1 дн. назад
အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲမှု ဦးစီးဌာန (NOAA) ရဲ့ ရာသီဥတုခန့်မှန်းရေးစင်တာ (CPC) က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ပစိဖိတ်သမုဒ္ဒရာ အီကွေတာဒေသမှာ အလွန်အားကောင်းတဲ့ စံချိန်တင် အယ်လ်နီညို (Very Strong El Niño) ဖြစ်စဉ်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။  အလွန်အားကောင်းတဲ့ အယ်နီညိုကြောင့်ပဲ အရှေ့တောင်အာရှ ဒေသအများစုမှာ မိုးရွာသွန်းမှုကို ဟန့်တားထားဆဲ ဖြစ်သလို အနောင်တောင်မုတ်သုံလေကလည်း မြန်မာနိုင်ငံကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကတည်းက အပြီးတိုင်ဆုတ်ခွာသွားပြီဖြစ်တာကို မိုးဇလက အတည်ပြု ထုတ်ပြန်ထားပါတယ်။ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပေမဲ့ အောက်တိုဘာလ တတိယပတ်အတွင်း မိုးတိမ်ဖြစ်ထွန်းမှုကို အားပေးတဲ့ MJO အပူလှိုင်းက အိန္ဒိယသမုဒ္ဒရာအခြမ်းဖြစ်တဲ့ Phase 2-3 ကိုရောက်ရှိလာမှာဖြစ်တာကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ အာရေးဗျပင်လယ်ပြင်တို့မှာ မိုးတိမ်တိုက် ဖြစ်ထွန်းမှုနဲ့ လေထု မတည်မငြိမ်ဖြစ်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဥရောပမိုးလေဝသခန့်မှန်းရေးမော်ဒယ် ECMWF မြေပုံတွေအရ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထိုင်းကွေ့ကနေ စတင်ခဲ့တဲ့ အထက်လေပွေလှိုင်းဟာ အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကို ရွေ့လျားလာနိုင်တာကို တွေ့ရပါတယ်။ အဆိုပါ လေပွေလှိုင်းဟာ အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ပိုမိုအားကောင်းလာပြီး အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေးရှ် ကမ်းလွန်ဒေသကို လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းငယ်အဖြစ် ဦးတည်ရွေ့လျားနိုင်တာကို တွေ့ရပါတယ်။ NOAA ရဲ့ GTH Outlook ထုတ်ပြန်ချက်အရမှာလည်း လာမယ့် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ အာရေးဗျပင်လယ်ပြင်တို့မှာ အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ ၂၀% မှ ၄၀% အထိ ရှိကြောင်း သတိပေးထားပါတယ်။ လက်ရှိမှာတော့ အနောက်တောင်မုတ်သုံလေလည်းဆုတ်ခွာသွားပြီဖြစ်သလို တရုတ်နိုင်ငံမှ တိုးဝင်လာတဲ့ လေဖိအားမြင့်ဧရိယာကလည်း ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းကို စတင် သက်ရောက်နေပါပြီ။ ဒါ့အပြင် ထိုင်းနိုင်ငံအတွင်းက လေဖိအားနည်းစနစ်တွေကြောင့်တော့ မြန်မာနိုင်ငံအရှေ့ဘက်နဲ့ တောင်ဘက် ထိုင်းနယ်စပ်ဒေသတွေမှာ မနက်ဖြန်ကနေ အောက်တိုဘာ ၁၃ ရက်အတွင်း မိုးတိမ်တောင်တွေ အားကောင်းစွာ ဖြစ်ထွန်းနိုင်တဲ့အတွက် ဒေသအလိုက် မိုးသက်လေပြင်းကျခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ အယ်လ်နီညို ရဲ့ ရိုက်ခတ်မှုကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ကချင်တို့မှယ မိုးရာသီ ကုန်ဆုံးကာ မိုးပြတ်လပ်တော့မှာဖြစ်ပြီး မြောက်ဘက်က စိမ့်ဝင်လာသည့် လေအေးထုကြောင့် ညပိုင်းနှင့် နံနက်ပိုင်းတွေမှာ အေးမြတဲ့ ရာသီဥတုကို ခံစားရတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တနင်္သာရီတိုင်းမှာ နေရာအနှံ့အပြား မိုးအသင့်အတင့်ကနေ မိုးများနိုင်မှာဖြစ်ပြီး နေရာကွက် မိုးသည်းထန်နိုင်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကရင်ပြည်တို့မှာတော့ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ များသောအားဖြင့် သာယာနိုင်မှာဖြစ်ပါတယ်။ မုတ်သုံလေဆုတ်ခွာသွားပြီး မိုးရွာသွန်းမှုတွေ လျော့ပါးသွားတာကြောင့် နေ့အပူချိန်တွေ ပြန်လည် မြင့်တက်လာတာကြောင့် ဒီနေ့မှာ မန္တလေးတိုင်း မကွေးတိုင်း ပဲခူးတိုင်းနဲ့ ကရင်ပြည်တို့မှာ နေ့အပူချိန် ၃၆ ဒီဂရီအထိ အမြင့်ဆုံးမြင့်တက်နိုင်ပြီး ၄၀ ဒီဂရီကနေ ၄၂ ဒီဂရီလောက်အထိ အပူရှိန်ကို ခံစားရနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်းတို့မှာလည်း နေ့အပူချိန် ၃၄ ဒီဂရီလောက်အထိ မြင့်တက်နိုင်ကာ ၃၈ ဒီဂရီကနေ ၄၀ ဒီဂရီလောက်အထိ ပူပြင်းတဲ့ဒဏ်ကို ခံစားရနိုင်ပါတယ်။ ညအပူချိန်တွေအနေနဲ့တော့ မြန်မာနိုင်ငံ အလယ်ပိုင်း အောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ညအပူချိန် ၂၂ ဒီဂရီကနေ ၂၄ ဒီဂရီလောက်အထိသာ ကျဆင်းနိုင်တာကို တွေ့ရပြီး မြန်မာနိုင်ငံအထက်ပိုင်းက တောင်ကုန်းတောင်တန်းဒေသတွေမှာတော့ ညအပူချိန် ၁၀ ဒီဂရီကနေ ၁၂ ဒီဂရီလောက်အထိ ကျဆင်းနိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့တော့ ဒီနေ့မှာ တနင်္သာရီတိုင်း ကရင်ပြည် မွန်ပြည် ပဲခူးတိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်လာနိုင်ပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက် လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးခြိမ်းတာ လျှပ်စီးလက်တာ မိုးကြိုးပစ်တာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်နှစ်ရက်အတွင်းမှာတော့ နိုင်ငံတဝန်း နေ့အပူချိန်မြင့်တက်မှုတွေ ကျယ်ပြန်လာတော့မှာဖြစ်ပြီး ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း အောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ၃၈ ဒီဂရီလောက်အထိ နေ့အပူချိန်မြင့်တက်လာနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့ မြန်မာကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေကနေ ၆ ပေခန့် ရှိနိုင်ပါတယ်ရှင်။ PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။  #psm_weather #psm_myanmar #psm_news