အဝတ်အစား ပွပွကြီးတွေ ဝတ်တာက ကိုယ့်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားချင်လို့
The Amy _ Your Personal Stylist
0:00 / 0:00
အဝတ်အစား ပွပွကြီးတွေ ဝတ်တာက ကိုယ့်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားချင်လို့
663 просмотра · 2 мес. назад
The Amy _ Your Personal Stylist
1,41 тыс. подписчиков
663 просмотра · 2 мес. назад
ငါ့ Style က ဒါပဲလား၊ ပုံစံပြောင်းကြည့်ရင်ရော ဘယ်လိုနေမလဲ" လို့ တွေးနေမိလား? 💭
"အရင်တုန်းက Oversized T-shirt ပွပွတွေနဲ့ ဂျင်းဘောင်းဘီတွေကို သက်သောင့်သက်သာဖြစ်လို့ ဝတ်ခဲ့တာမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ဖုံးကွယ်ချင်လို့ ဝတ်ခဲ့တာ"
ဒါက Amy တို့တော်တော်များများ ဖြတ်သန်းဖူးတဲ့ ခံစားချက်တစ်ခု ဖြစ်ပါလိမ့်မယ်။
သူမအတွက်လည်း Oversized အင်္ကျီတွေနဲ့ ဂျင်းဘောင်းဘီတွေဆိုတာ ဖက်ရှင်စတိုင်လ်တစ်ခုထက် ကိုယ့်ကိုယ်ကိုယ် မလုံခြုံမှုတွေကို ဖုံးကွယ်ထားရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာကနေ အခုလို ကိုယ်ပိုင် Style တစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ အချိန် (၁) နှစ်ကနေ (၂) နှစ်အထိ ဖြည်းဖြည်းချင်း ကြိုးစားခဲ့ရပါတယ်။
ဒီခရီးစဉ်ကို စတင်စေခဲ့တာက ကြီးမားတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ "ငါ့ရဲ့ ဒီအသက်အရွယ်၊ ဒီငယ်ရွယ်မှုက အခုအချိန်မှာ အကောင်းဆုံးပဲ... ငါ့ရဲ့ အလှဆုံးအချိန်တွေကို ဖုံးကွယ်မထားချင်တော့ဘူး" ဆိုတဲ့ အတွေးလေးတစ်ခုနဲ့ နေ့တိုင်း လမ်းလျှောက်ဖြစ်တဲ့ အလေ့အကျင့်လေးတစ်ခုကနေ စတင်ခဲ့တာပါ။
Fashion ဆိုတာ အဝတ်အစား သက်သက်တင် မဟုတ်ပါဘူး။ စတိုင်လ်ပြောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့ Wardrobe ထဲက အဝတ်အစားတွေ အရင်လဲပစ်ရတာ မဟုတ်ဘဲ—
⚬ အတွေးအမြင် (Mindset) တစ်ခု၊
⚬ နေ့စဉ်ဘဝရဲ့ အလေ့အကျင့် (Habit) သေးသေးလေးတစ်ခု၊
⚬ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်တဲ့ Moment တစ်ခုကနေ စတင်တာပါ။
Style ပြောင်းလဲတယ်ဆိုတာ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ ကိုယ့်စိတ်ကို အချိန်ပေးပြီး အရင်ပြင်ဆင်ရသလို၊ ကိုယ့်ရဲ့ ငွေကြေးအခြေအနေ၊ အခြေအနေတစ်ခုချင်းစီအလိုက် တဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ ခရီးတစ်ခုပါ။
ဒီဗီဒီယိုလေးထဲမှာ အပြင်ပန်း အဝတ်အစား Makeover သက်သက်တင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်တည်ဆောက်ခဲ့တဲ့ စိတ်ခွန်အားဖြစ်စေမယ့် Transformation အကြောင်း Amy နဲ့ Su Myat တို့က မျှဝေပေးထားပါတယ်။
ကိုယ့်ရဲ့ အကောင်းဆုံးအချိန်တွေကို ပုန်းမနေဘဲ ကိုယ်ပိုင်အလှနဲ့ ဖြတ်သန်းချင်သူတွေအတွက် ဒီစကားဝိုင်းလေးက ခွန်အားတစ်ခု ဖြစ်စေမှာပါ ✨
ဗီဒီယိုလေးကနေ ခွန်အားတစ်ခုခု ရရှိသွားတယ်ဆိုရင် Like, Share နဲ့ Amy ရဲ့ Channel လေးကို Subscribe လုပ်ပေးသွားကြပါဦးနော် 💖
#FashionMindset #stylejourney #bodypositivity #selflove #personaltransformation #glowupfromwithin