Перейти к содержимому

Khit Thit Afternoon News | 25 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 25 October 2026

222 286 просмотров · 16 ч назад
Khit Thit Media
3,31 млн подписчиков
222 286 просмотров · 16 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့ စစ်တပ်လက်အောက်ခံ KNA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်နဲ့ ဝမ်ခရွာသစ်က ကျားဖြန့်လုပ်ငန်းခွင်တွေမှာ တရုတ်နိုင်ငံသားတွေကို ရိုက်နှက်ညှဉ်းပန်း သတ်ဖြတ်တာတွေရှိနေသလို မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတကာက အခုထက်ပိုပြီး အရှိန်အဟုန်မြှင့် ဖိအားပေးတောင်းဆိုပေးကြဖို့ NUG အစိုးရက ပန်ကြားလိုက်ပါတယ်။ မန္တလေးမြို့ကနေ ငအိုး၊ ရွှေကူဘက်ကို သွားလာတဲ့ လမ်းတစ်လျှောက်မှာ လမ်းကြေးတွေ မကောက်ခံဖို့ ဗီနိုင်းတွေ ကပ်ထားပေမဲ့ လက်တွေ့မှာ စစ်တပ်နဲ့ ဆက်စပ်အဖွဲ့တွေက စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ကားတစ်စီးကို ငွေကျပ် သိန်းနဲ့ချီအထိ ပြောင်ပြောင်တင်းတင်း တောင်းခံနေတယ်လို့ ကားသမားတွေနဲ့ ကုန်သည်တွေက ရန်ကုန်ခေတ်သစ်ကို ပြောဆိုပါတယ်။ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်စစ်ပွဲကို ဝေဖန်လိုက်ပြီး အခု အမေရိကန်မှာ ပစ္စည်းအများစု ဈေးတက်လာတာဟာ အီရန်စစ်ပွဲကြောင့် ဖြစ်တယ်လို့ ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။