Перейти к содержимому

Khit Thit Evening News |7 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News |7 November 2026

40 558 просмотров · 56 мин. назад
Khit Thit Media
3,31 млн подписчиков
40 558 просмотров · 56 мин. назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အေဒီ ၁၁ ရာစုကနေ ၁၂ ရာစုအတွင်း တည်ထားခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် ကျောက်စကားကြီးဘုရားကို မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ ကိုးကွယ်တဲ့ ဆရာတော် ဦးမေဃိယက ခွင့်ပြုချက်မတောင်းဘဲ ဦးဆောင်ပြုပြင်ဖျက်ဆီးလိုက်သလို ၊ အောင်ပြည့်စုံကို မလွန် ဆန်ရဲ တဲ့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပုဂံကာကွယ်စောင့်ရှောက်ရေးအသင်းပါ အသံမထွက်ရဲ ဖြစ်နေတယ်လို့ ပုဂံဒေသခံတွေကရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ ထိုင်းနိုင်ငံက အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက မြန်မာဘက်ကနေ ပစ်ခတ်တဲ့ ကျည်တွေဟာ ထိုင်းနိုင်ငံဘက်ကို ထပ်မံကျရောက်လာပြန်တဲ့အတွက် မဲဆောက်မြို့နယ်မှာရှိတဲ့ နေအိမ် ၃ လုံး ပျက်ဆီးထားပြန်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်လာပါတယ်။ မြန်မာနိုင်ငံမှာ အခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၃၀ အတွက် လူအင်အားမပြည့်မှီ တဲ့အတွက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ် နေပြီး ၊ ဒီကနေ့ မနက်မှာပဲ ဝမ်းတွင်းမြို့မှာ လူငယ်တွေကို ကားတွေနဲ့ လိုက်လံပေါ်တာဆွဲဖမ်းဆီးနေတဲ့ အတွက် ဝရုန်းသုန်းကားအထိ ဖြစ်ကုန်ကြတယ်လို့ ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုတွေ လျှော့ချဖို့ သဘောတူညီထားတဲ့ ဘူဆန်ကုန်သွယ်ရေးသဘောတူညီချက်ပါ ကတိကဝတ်တွေကို တရုတ်အစိုးရအနေနဲ့ လိုက်နာ ဆောင်ရွက်ဖို့ အမေရိကန်က သတိပေး တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။