အသက်နဲ့ခန္ဓာရှိသ၍ မိုးကုတ်ကို ကာကွယ်မယ် (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
အသက်နဲ့ခန္ဓာရှိသ၍ မိုးကုတ်ကို ကာကွယ်မယ် (ရုပ်/သံ)
173 193 просмотра · 1 г. назад
The Irrawaddy News
1,64 млн подписчиков
173 193 просмотра · 1 г. назад
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို အာဏာသိမ်းတပ်ထံ ပြန်ပေးကာ အပစ်ရပ်မယ်လို့ ကြေညာပြီးနောက် မိုးကုတ်မြို့အခြေစိုက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူ မိုးကုတ်မြို့သိမ်းစဉ်က ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မိုးကုတ်မြို့ကို လက်လွှတ်မခံဘဲ ဆက်လက်ကာကွယ်သွားမယ်လို့ ထုတ်ပြောလာကြပါတယ်။
မိုးကုတ်ဗျူဟာ၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF)၊ အမှတ် ၁၂၂၂ တပ်ရင်း (TRI ဗျူဟာ)၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Myingyan Black Tiger – MBT တပ်ဖွဲ့တို့က ထိန်းချုပ်နယ်မြေတွေ စစ်ကော်မရှင်လက်အောက်ပြန်မရောက်ရေး ကာကွယ်သွားမယ်လို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ လက်ရှိမှာ မိုးကုတ်မြို့ကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ မြေပြင်ကနေ ထိုးစစ်ဆင်နေတာလည်းရှိပါတယ်။
မိုးကုတ်မြို့ရဲ့ လက်ရှိ ဆက်လက်လည်ပတ်နေမှုအခြေအနေ၊ စစ်ရေးအခြေအနေနဲ့ မိုးကုတ်ကို PDF တွေကာကွယ် နိုင်မလားဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #မိုးကုတ် #မန္တလေး #TNLA #PDF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy