Перейти к содержимому

မိုးကုတ်မြို့ပြန်ရရေး စစ်တပ်ရဲ့မြေပြင်ထိုးစစ်ကို ဟန့်တားနိုင်ပေမယ့် လေတပ်က နေ့စဉ်ဗုံးကြဲနေ

Myanmar Now News

0:00 / 0:00

မိုးကုတ်မြို့ပြန်ရရေး စစ်တပ်ရဲ့မြေပြင်ထိုးစစ်ကို ဟန့်တားနိုင်ပေမယ့် လေတပ်က နေ့စဉ်ဗုံးကြဲနေ

152 160 просмотров · 1 г. назад
Myanmar Now News
1,22 млн подписчиков
152 160 просмотров · 1 г. назад
မိုးကုတ်မြို့ပြန်ရရေး စစ်တပ်ရဲ့မြေပြင်ထိုးစစ်ကို တော်လှန်ရေးတပ်တွေ ဟန့်တားနိုင်ပေမယ့် လေတပ်က နေ့စဉ်ဗုံးကြဲနေ ............... တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေပါတယ်။ မိုးကုတ်မြို့ကို ဝင်ရောက်နိုင်ဖို့ မြေပြင်စစ်ကြောင်းတွေ ရပ်တန့်နေချိန်မှာ လေတပ်ကတော့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မိုးကုတ်မြို့ကို ပြန်ရဖို့ စစ်တပ်က မြေပြင်ကနေ စစ်ကြောင်း နှစ်ခုခွဲပြီး ထိုးစစ်ဆင်နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးကုတ်မြို့နဲ့ ၄၅မိုင်အကွာက မန္တလေး-မိုးကုတ် လမ်းဟောင်း ဖော့တောလမ်းဆုံအနီး ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဟန့်တားထားတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြတ်ကြီး၊ နေမင်းနီ/ Myanmar Now ------------------------------------------- Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။ ‌