Khit Thit Morning News | 30 September 2026
Khit Thit Media
0:00 / 0:00
Khit Thit Morning News | 30 September 2026
287 219 просмотров · 20 часов назад
Khit Thit Media
3,29 млн подписчиков
287 219 просмотров · 20 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလန်မြို့မှာ အခြေစိုက်ထားတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို လျှို့ဝှက်ပြောင်းရွှေ့ပြီး ဖွင့်လှစ်လိုက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း ၁၄ ခုမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်မှာ ပထမအဆင့်အဖြစ် မြန်မာနိုင်ငံကို နေရပ် ပြန်ပို့ခဲ့ရာမှာ သူတို့ဆန္ဒအရ မိခင်နိုင်ငံကို ပြန်ပို့တာလို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ဈေးနဲ့ အနီးဝန်းကျင်ကို စက်တင်ဘာ ၂၈ ရက်မှာ မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၅၀ အထိ ရှိလာပြီး ဒဏ်ရာရသူ ၅၈ ဦးရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားအနီးမှာ အမေရိကန်ရေတပ်သင်္ဘောတွေအပါအဝင် သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အမေရိကန်စစ်သင်္ဘောတွေဟာ အီရန်ကမ်းရိုးတန်းနဲ့ ပိုဝေးတဲ့နေရာတွေဘက်ကို ဆုတ်ခွာသွားရတယ်လို့ အီရန်က ပြောဆိုနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။