Перейти к содержимому

နဝရတ်ခရုသင်းကြိုး သပြေပင်ဝန်း ဒေါ်မေသန်း စန္ဒရား

Burmese Classical Music

0:00 / 0:00

နဝရတ်ခရုသင်းကြိုး သပြေပင်ဝန်း ဒေါ်မေသန်း စန္ဒရား

248 просмотров · 1 год назад
Burmese Classical Music
13 тыс. подписчиков
248 просмотров · 1 год назад
မဟာဂီတ    • ကြိုးသီချင်း   အမှတ် ၄၅။    • သပြေပင်ဝန်း   ခေါ် နဝရတ်ခရုသင်းကြိုး    • ဒေါ်မေသန်း      • စန္ဒရား   saprepaṅʻvanʻʺ. jambūsākyvanʻʺ. ’akhoṅʻcaṃ rvhanʻʺ. tanʻchoṅʻlyhaṃkvanʻʺ. patʻvanʻʺ’ataññʻtaññʻ. tuiṅʻʺ’apraññʻpraññʻ. . vuikʻlaññʻ poṅʻʺruṃʺ. simʻʺkruṃʺcaṃ cuiʺmranʻʺ. . bhunʻʺtanʻʺ tejā. phrāphrālaṅʻʺ. maṅʻʺvanʻññvanʻʹkhyakʻbvekhyā. nanʻʺrvhe0 rvhepraññʻsā. caṃpapa. raṃkhakha. rvepoṅʻʺvanʻʺlyāʺ. thūʺthūʺ’akhrāʺkhrāʺ. . nenhunʻʺcaṃthāʺ. bhunʻʺtanʻʺ krīʺmraṅʻʹmyāʺ. . tuiʺpvāʺlelekā. thūʺprāʺ. thvethvesā- paṅʻ. . kyvanʻʺluṃʺkyoʻvhanʻvā. khyamʻʺṅrimʻʺlvanʻsāyā. ruṃʺpoṅʻʺthvelā. yañʻrāthūʺkhrāʺ. tuiṅʻʺkāʺsācaññʻ. cañʻrhaññʻkaikrūʺ. raṃkātaññʻʹ thūʺthūʺchanʻʺchanʻʺnhaṅʻʹ. toṅʻcañʻtaññʻʹ chuiṅʻʺchuiṅʻʺ mhuiṅʻʺmhuiṅʻʺnhaṅʻʹ. sāyātaññʻʹmyāʺtoṅʻʺ. sinʻʺsoṅʻʺnhaṅʻʹ. poṅʻʺchuṃkramracʻsītā. vanʻʺlaññʻkraraṃkāsā. lhuiṅʻpʻʹʻyaṃpʻʹʻyaṃ. kruiṅʻnaṃʹnaṃʹ. sāmovanʻʺlyāʺ. thūʺthūʺ’aprāʺprāʺ. . thvethūʺsāmyuiʺ. puṃnhunʻʺcaṃkaṅʻʺ. thinʻvaṅʻʺ lyhaṃlaṅʻʺ. cuṃpoṅʻʺ thveprāʺ. rvhepraññʻ sālvatʻkyvanʻʺ. yāmābhuṃnatʻnanʻʺ. . thūʺtachanʻʺ thvethvephrā. nhunʻʺmanhuiṅʻʺcaṃsā. . rvhanʻʺrvhanʻʺroṅʻvā vuiʺvuiʺvaṅʻʺ. kuiʺpāʺkhyayʻkā. ññīʺññīʺlaṅʻʺ. . ’acī ’alyañʻ. ’ayañʻ ’athve. ’ane saṇḍānʻ. ’alyhaṃ ’avā. mraṅʻʺmuirʻnhaṅʻʹbhakʻcaṃrā. thvanʻʺlyhaṃpa roṅʻkhraññʻphrā. nesuiʹsuiʹ. thinʻluiʹluiʹ. proṅʻrvhanʻʺ thvanʻʺlaṅʻʺ. vuiʺvaṅʻʺtaññīʺññīʺ. . thvethvepaṅʻ. vee0rvhaṅʻ. #nanʻʺveyaṃ. cuiʺnecaṃ. nelyhaṃnhunʻʺrhaññʻʹ. bhunʻʺpvaṅʻʹlūleletaññʻʹ. bhunʻʺpvaṅʻʹlū. သပြေပင်ဝန်း။ ဇမ္ဗူသာကျွန်း။ အခေါင်စံ ရွှန်း။ တန်ဆောင်လျှံကွန်း။ ပတ်ဝန်းအတည်တည်။ တိုင်းအပြည်ပြည်။ ။ ဝိုက်လည် ပေါင်းရုံး။ သိမ်းကြုံးစံ စိုးမြန်း။ ။ ဘုန်းတန်း တေဇာ။ ဖြာဖြာလင်း။ မင်းဝန်ညွန့်ချက်ဗွေချာ။ နန်းရွှေ၀ ရွှေပြည်သာ။ စံပပ။ ရံခခ။ ရွေပေါင်းဝန်းလျား။ ထူးထူးအခြားခြား။ ။ နေနှုန်းစံထား။ ဘုန်းတန်း ကြီးမြင့်များ။ ။ တိုးပွားလေလေကာ။ ထူးပြား။ ထွေထွေသာ- ပင်။ ။ ကျွန်းလုံးကျော်ဝှန်ဝါ။ ချမ်းငြိမ်းလွန်သာယာ။ ရုံးပေါင်းထွေလာ။ ယဉ်ရာထူးခြား။ တိုင်းကားသာစည်။ စဉ်ရှည်ကဲကြူး။ ရံကာတည့် ထူးထူးဆန်းဆန်းနှင့်။ တောင်စဉ်တည့် ဆိုင်းဆိုင်း မှိုင်းမှိုင်းနှင့်။ သာယာတည့်များတောင်း။ သိန်းသောင်းနှင့်။ ပေါင်းဆုံကြမြစ်သီတာ။ ဝန်းလည်ကြရံကာသာ။ လှိုင်ပ့ျံပ့ျံ။ ကြိုင်နံ့နံ့။ သာမောဝန်းလျား။ ထူးထူးအပြားပြား။ ။ ထွေထူးသာမျိုး။ ပုံနှုန်းစံကင်း။ ထိန်ဝင်း လျှံလင်း။ စုံပေါင်း ထွေပြား။ ရွှေပြည် သာလွတ်ကျွန်း။ ယာမာဘုံနတ်နန်း။ ။ ထူးတဆန်း ထွေထွေဖြာ။ နှုန်းမနှိုင်းစံသာ။ ။ ရွှန်းရွှန်းရောင်ဝါ ဝိုးဝိုးဝင်း။ ကိုးပါးချယ်ကာ။ ညီးညီးလင်း။ ။ အစီ အလျဉ်။ အယဉ် အထွေ။ အနေ သဏ္ဍာန်။ အလျှံ အဝါ။ မြင်းမိုရ်နှင့်ဘက်စံရာ။ ထွန်းလျှံပ ရောင်ခြည်ဖြာ။ နေသို့သို့။ ထိန်လို့လို့။ ပြောင်ရွှန်း ထွန်းလင်း။ ဝိုးဝင်းတညီးညီး။ ။ ထွေထွေပင်။ ဝေေ၀ရွှင်။ #နန်းဝေယံ။ စိုးနေစံ။ နေလျှံနှုန်းရှည့်။ ဘုန်းပွင့်လူလေလေတည့်။ ဘုန်းပွင့်လူ။ မှတ်ရန်။ ။ ညာသေပြေပေါင်။ ပုံပမာ။ သပြေပင်ဝန်း။ ဟူသော ကြိုး ၃ပုဒ်ကို။ တုတ်၃ချက်ကြိုး ဟူ၍ခေါ်ကြသည်။ သပြေပင်ဝန်းမှာ (အချုပ်)။ ပုံပမာမှာ (အချာ)။ ညာသပြေပေါင်မှာ (အခရာ) ဟု ပညာသည်တို့ အမှတ်ပြုကြလေသည်။ အချို့ “ နန်းဘုံခွင်။ စိုးစံရွှင်။ သဘင် သဘင်ပွဲမှာလ နွှဲစံပျော်လေလေတည့်။ နွှဲစံပျော် ” ဟု ဆိုကြသည်။