တံတားဦး လေတပ်စခန်းကိုတိုက်တာ နိုင်ငံတကာဥပဒေနဲ့ညီတယ် | The Irrawaddy
The Irrawaddy News
0:00 / 0:00
တံတားဦး လေတပ်စခန်းကိုတိုက်တာ နိုင်ငံတကာဥပဒေနဲ့ညီတယ် | The Irrawaddy
92 944 просмотра · 18 часов назад
The Irrawaddy News
1,61 млн подписчиков
92 944 просмотра · 18 часов назад
မန္တလေး တံတားဦးလေတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတကာစစ်ဥပဒေဖြစ်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်တာ မဟုတ်ဘဲ တရားဝင် စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်လို့ လေတပ် ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ကိုဇေယျက ထောက်ပြပြောဆိုလိုက်ပါတယ်။
တံတားဦးလေတပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုအပေါ် အာဏာသိမ်း စစ်တပ်ဘက်က စစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီး ပုံဖော်စွပ်စွဲနေပေမဲ့ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်နဲ့ တိုက်လေယာဉ်တွေ ထားရှိရာ စစ်ဘက်ဆိုင်ရာနေရာတွေကိုသာ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် တံတားဦးလေဆိပ်ဟာ နာမည်ခံ အရပ်ဘက်လေဆိပ် ဖြစ်နေပေမဲ့ လက်တွေ့မှာတော့ စစ်ကိုင်း၊ ချင်း၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ အဓိက အခြေပြုအသုံးပြုနေတဲ့ စစ်စခန်းတခုဖြစ်တယ်လို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ကိုဇေယျက ရှင်းပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #တံတားဦး #လေတပ် #GenevaConventions #Interviews #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ / @theirrawaddy_news Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.