Khit Thit Evening News | June 3, 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | June 3, 2026
593 757 просмотров · 3 месяца назад
Khit Thit Media
3,28 млн подписчиков
593 757 просмотров · 3 месяца назад
Khit Thit သတင်းဌာန၏ ဇွန် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်ခရီးစဉ်အတွင်း တရုတ်နိုင်ငံက လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာ့မြေရှား သတ္တုတွေကို ရရှိဖို့ အိန္ဒိယက အပြင်းအထန် ကြိုးပမ်းခဲ့ပြီး မြန်မာစစ်တပ်ကလည်း အဲ့ဒီ့ မြေရှားသတ္ထူ ကိစ္စတွေမှာ အိန္ဒိယနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်လို့ အိန္ဒိယ အစိုးရက သတင်းထုတ်ပြန်လာပါတယ်။
နေပြည်တော် -ဘားအံလမ်းတစ်လျှောက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ဂိတ်ဖွင့်ပြီး မတရား ဆက်ကြေးကောက် နေမှုကြောင့် ကုန်ဈေးနှုန်းတွေ ထိုးတက်နေရတာဖြစ်တယ်လို့ ကြံ့ဖွတ်ပါတီရဲ့ ဘူးလက်လှဆွေ ကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ယက်ကနေတဆင့် ဝန်ခံပြောဆိုလာပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးကို နိုင်ငံတကာက ဖိအားပေးဖို့ နဲ့ SCEF အပါအဝင် တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးဖို့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အရေးပေါ်ဆုံးဖြတ်တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်က အီရန်ရဲ့ စစ်ဘက်ဆိုင် ပစ်မှတ်တွေကို ထပ်မံ တိုက်ခိုက်လိုက်တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။