Перейти к содержимому

အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ

CJ Platform

0:00 / 0:00

အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ

42 308 просмотров · 1 день назад
CJ Platform
148 тыс. подписчиков
42 308 просмотров · 1 день назад
အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ တပတ်တာအတွက် မိုးလေဝသခန့်မှန်းချက် CJ Platform ဒီကနေ့ အောက်တိုဘာ ၂၆ ရက် တနင်္လာနေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ တစ်ပတ်တာ အတွင်း မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပေမယ့် မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ဒီတစ်ပတ်အတွင်း မိုးရွာသွန်းမှု နည်းပါးနိုင်တယ်လို့ မိုးလေဝသခန့်မှန်းမော်ဒယ်တွေက ပြသနေပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်မှာ လေပြင်းနဲ့ လှိုင်းကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘော၊ စက်လှေတွေ သတိပြုဖို့ လိုအပ်ပါတယ်ရှင်။ ECMWF မုန်တိုင်းဖြစ်နိုင်ခြေပြမြေပုံနဲ့ Meteoblue ခန့်မှန်းချက်တွေအရ အောက်တိုဘာ ၂၆ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းစနစ် အားကောင်းလာနိုင်ခြေ ၈၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ #CJPlatform #တစ်ပတ်တာမိုးလေဝသ #ဘင်္ဂလားပင်လယ်အော် #ဆိုင်ကလုန်းမုန်တိုင်း #မိုးလေဝသသတိပေးချက်