စိတ်ဝင်စားစရာကောင်းတဲ့ ပူတာအိုရဲ့သမိုင်းကြောင်းနဲ့ ရာသီဥတု | htzchannel
htz channel
0:00 / 0:00
စိတ်ဝင်စားစရာကောင်းတဲ့ ပူတာအိုရဲ့သမိုင်းကြောင်းနဲ့ ရာသီဥတု | htzchannel
846 просмотров · 1 г. назад
htz channel
101 подписчик
846 просмотров · 1 г. назад
အားလုံးပဲမဂ်လာပါရှင်။
ပူတာအိုမြိုက မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံးမှာရှိတဲ့မြိုဖြစ်ပြီး မြစ်ကြီနားမြိုနဲ့ ၁၁၈ မိုင်အကွာမှာတည်ရှိပါတယ်။ ကချင်၊ ဂျိန်းဖော့ ရဝမ် လီဆူး ရှမ်းနီ ခန္တီး ရှမ်းလူမျိုး များ နဲ့ ဗမာလူမျိုးတို အနည်းငယ်နေထိုင် ကြတဲ့မြိုလည်း ဖြစ်ပါတယ်။
ဟိုအရင် နန်ချောင်ပြည် ပျက်သုန်းပြီးနောက် ရှမ်းတိုက မြန်မာပြည်အတွင်းသို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြကာ မြိုပြနိုင်ငံများ အဖြစ်တည်ထောင်ခဲ့ကြပါတယ်။ မိုင်းမောကို မြိုတော်အဖြစ်သတ်မှတ်ပြီး မိုးကောင်းကို ဒုတိယမြိုတော်အဖြစ် သတ်မှတ်ထားကြပါတယ်။ မိုးကောင်းရှမ်းတိုက နယ်မြေသစ်များ ရှာဖွေထူထောင်ကြရာ ဟူးကောင်းနယ်၊ အာသံနယ်၊ ခန္တီးလုံနယ်တို ပေါ်ပေါက်လာကြပြန်တယ်။ ခန္တီးလုံနယ်မှာ နေထိုင်သူများကို ခန္တီးရှမ်းများလို ခေါ်ဆိုကြတယ်။ခန္တီးလုံနယ်ရဲ့ အနောက်ဖက် နဲ့ အနာက်တောင်ဖက်ရှိ ခခူးကုန်းမြင့် ဒေသတိုမှာ ဂျိန်းဖောဒူဝါကြီးများ ကြီးစိုးကြတယ်။ပူတောင်းနယ် အရှေ့ဖက်မှာ ခန္တီးစော်ဘွား တိုနဲ့ မိတ်ဖွဲထားတဲ့ ခေတ်ဦးကချင်တွေက ကိုယ်ပိုင်စနစ်ကို ကျင့်သုံးတဲ့ ဒူလင်းအနွယ် ကချင်များ နေထိုင်ကြပါတယ်။
ကမ္ဘာပေါ်မှာ ရှားပါးသော “တာကင်”ခေါ် သားမင်း ကောင်၊တောင်ဆိတ်၊ ကတိုးကောင်နဲ့ ကမ္ဘာ့ရှားပါးလိပ်ပြာအမျိုးစုံ တွေဝက်ဝံ တွေကိုပါ ပူတာအိုမှာတွေ့ရှိရတတ်ပါတယ်။ဒီလို ခရီးသွားတွေကို ဆွဲ ဆောင်ထားတဲ့ ပူတာအိုမြိုဟာ ခရီးသွားလုပ်ငန်းနဲ့ပက်သက်ပြီးလည်း မြန်မာနိုင်ငံရဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ပိုမို အထောက်အကူဖြစ်စေပါတယ်။ အဓိကအားဖြင့် သဘာဝတောတောင် ရေမြေ သယံဇာတများ ပေါကြွယ်ဝတဲ့ ပူတာအိုဒေသကို သွားလာလည်ပတ်လိုသူအများအပြားပါပဲ။ အထူးသဖြင့် ပြည်ပခရီးသွားများ ဖုန်ကန်ရာဇီ ရေခဲတောင် ဒေသကို သွားရောက် လေ့လာလည်ပတ်ချင်တာ ကြောင့်ဖြစ်ပါတယ်။
ရေခဲတောင်များနဲ့ ဝန်းရံထားတဲ့မြိုဖြစ်တာကြောင့် ဆောင်းရာသီမှာဆို ရေခဲအမှတ်အောက်ရောက်သည်အထိရှိပြီး နွေရာသီတစ်ခါတစ်ရံအချိန်မှာ အပူချိန်မြင့်မားတတ်ပါ သေးတယ်။ ခရီးသွား တွေအတွက် အကောင်းဆုံးသော အေးချမ်းသာယာမှုရှိတဲ့ မြိုလေးတစ်မြို လည်းဖြစ်ပါသေးတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ-၁၄၈၀ မှာတည်ရှိသည်။ ဆက်သွယ်သွားလာရေး လွန်စွာ ခက်ခဲခဲ့ပြီး နွေရာသီအတွင်းသာ ကားလမ်းနဲ့ သွားလာနိုင်ပါတယ်။ကျန်အချိန်တွေမှာတော့ လေယာဉ်နဲ့သာ ဆယ့်နှစ်ရာသီ သွားလာကြရပါတယ်။
#htzchannel
#ပူတာအိုရဲ့သမိုင်းကြောင်း
#Knowledge
#KnowledgeGarden
#ရာသီဥတု
Subscribe နှိပ်ထားပြီးနေ့စဥ် ကြည့်ရှုနိုင်ပါပြီ။
Social Links
Main Channel: / @htzchannell
TikTok Channel: https://www.tiktok.com/@htzchannel?lang=en