Перейти к содержимому

ပုစွန်ကော်ကြော် Shrimp Omelette

Cook for K1

0:00 / 0:00

ပုစွန်ကော်ကြော် Shrimp Omelette

12 089 просмотров · 4 года назад
Cook for K1
462 тыс. подписчиков
12 089 просмотров · 4 года назад
ကော်ကြော် မှာ အပျော့ကြော်နဲ့ အကြွပ်ကြော် ဆိုပြီး ၂ မျိုး ကြော်စားလေ့ရှိပါတယ်။ ကျွန်တော် ဒီနေ့မှာတော့ ပုစွန်ကော်အပျော့ကြော်မှာဖြစ်ပါတယ်ခင်ဗျာ။ ပုစွန် သို့ ကဏန်းကို သုံးလို့ရပါတယ်။ (အတုံးသေးသေးလှီးထားပါ) ကော်မှုန့် (သို့) ပီလောပီနံမှုန့် - ၁ ခွက်နဲ့ တဝက် (အမှုန့်ရဲ့အချိုးအစားက အရမ်းကြီးတော့အရေးမကြီးပါဘူး) ကြက်ဥ - ၂ လုံး ကို ဆားအနည်းငယ်ထည့်ပြီးခေါက်ထားပါ။ ခုချိုင် (ကြက်သွန်ဖြူမိတ်) - ၁ စည်း ကို လက်တဆစ်အရွယ်လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူ - အနည်းငယ် ကိုဓားပြားရိုက် နုတ်နုတ်စဉ်းထားပါ။ ကော်မှုန့်ကို စပြီး‌ဖျော်ပါမယ်။ ကော်မှုန့် ၁ ခွက်ခွဲထဲကို ဆား။ အချိုမှုန့် သို့ ကြက်သားမှုန့်။ ခရုဆီ အနည်းငယ်. ရေက အမှုန့်နဲ့ ဆတူထည့်ပါ. အမှုန့် ၁ ခွက်ဆို ရေက ၁ ခွက် ထည့်ပါ။ ကော်မှုန့်က ရေနဲ့ပျော်ဝင်လွယ်သလို အနည်ထိုင်တတ်တဲ့အတွက် ကြော်ခါနီးနောက်တခါ မွှေပေးပါ။ ဆီက တော့ များများထည့်ပေးရပါမယ်။ ဆီပူလာရင် ကြက်သွန်ဖြူထည့်ပါ။ မွှေးလာရင် ပုစွန်ထည့်မယ်။ မွှေးလာပြီဆိုရင် ကုချိုင်အရွက်ထည့်မယ်။ အရသာအတွက် ဆား အနည်းငယ်ထည့်ပါမယ်။ အရွက်တွေနွမ်းလာရင် ကော်ရည်ကို လောင်းထည့်ပေးပါ။ ကော်ရည်မထည့်ခင် မီးအားလျော့ပြီးမှ ကော်တွေ တလုံးတခဲဖြစ်မှ မီးအားပြင်းလို့ရပါတယ်။ ကော်မှုန့်တွေက အမျိုးအစားအများကြီးရှိပေမယ့် အများဆုံးက ပီလောပီနံမှုန့်ပဲမှားပါတယ်. ကြော်ရင်းနဲ့ မုန့်သားက ကြည်လာပြီဆိုရင် မွလာပြီဆိုရင် ခေါက်ထားတဲ့ ကြက်ဥလောင်းထည့်မယ်. ကုချိုင်အနည်းငယ်ထပ်ထည့်မယ်. ကြက်ဥ ထည့်ထားတဲ့ဖက်ကို လှည့်ပြီး ပြန်ကြော်ပေးပါမယ်။ ကြက်ဥရဲ့ အရောင် ပြောင်းပြီး ပိုမွှေးလာမှသာ ပိုပြီး စားကောင်းမှာဖြစ်ပါတယ်။ အိမ်မှာ သွားရည်စာအနေနဲ့စားရင် အသားမထည့်ဘဲလည်း စာလို့ကောင်းပါတယ်။