အင်းတော်နဲ့ မော်လူးမြို့နယ်ကြားမှာ စစ်တပ်ယာဥ်တန်းကို ဒေသခံ PDF အဖွဲ့တွေက တိုက်ခိုက်
MNO NEWS
0:00 / 0:00
အင်းတော်နဲ့ မော်လူးမြို့နယ်ကြားမှာ စစ်တပ်ယာဥ်တန်းကို ဒေသခံ PDF အဖွဲ့တွေက တိုက်ခိုက်
6 183 просмотра · 1 дн. назад
MNO NEWS
148 тыс. подписчиков
6 183 просмотра · 1 дн. назад
5 NOVEMBER 2026
စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့နယ်ကြားမှာ စစ်တပ်ယာဥ်တန်းကို ဒေသခံ PDF အဖွဲ့တွေက တိုက်ခိုက်လို့ စစ်ကားတချိူ့ မီးလောင်ပျက်စီးသွားတယ်လို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်တပ်က နိုဝင်ဘာ ၂ ရက်နေ့မှာ မန္တလေးကနေ ထီးချိုင့် - ကသာ - အင်းတော်လမ်းအတိုင်း မြစ်ကြီးနားဘက်ကို တက်လာခဲ့တာပါ။
နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာတော့ အဲ့ဒီ စစ်ယာဥ်တန်းက ထီးချိုင့်ကနေ ကသာမြို့ဘက်ထွက်ခွာလာချိန် PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PDF ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီးမီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာလည်း အင်းတော် - မော်လူး လမ်းမှာ PDF က စစ်ယာဥ်တန်းကို ဒရုန်းတွေနဲ့ထပ်မံ တိုက်ခိုက်လို့ ကားတစ်စီးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မှာ စစ်တပ်ကလည်း စီပိန်းရွာ ဘက်ကို တိုက်လေယာဉ်တစ်စီး၊ Y-12 လေယာဥ်တစ်စီး သုံးပြီး ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ စစ်ယာဥ်တန်းထဲမှ စစ်ကားတစ်ချိူ့ဟာ မြစ်ကြီးနားမြို့ထဲကိုရောက်သွားပြီ ဖြစ်ပါတယ်။
အင်းတော်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို ဒေသခံတွေနဲ့ PDF တွေက လိုက်လံရှင်းလင်းမြှုပ်နှံပေးနေရတယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ကမှစပြီး မန္တလေး-မြစ်ကြီးနားလမ်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်းတော်မြို့နယ်ထဲကို စစ်ကြောင်း ၂ခုခွဲပြီး ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဗိုလ်မှူး ကျော်ဆန်းထွန်းနဲ့ စစ်သုံ့ပန်းအများ အပြား ကို PDF က ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိထားတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ MNO က သိရပါတယ်။
ရုပ်သံ- Indaw Revolution-IR, Thine Kyaw
MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။
Website- www.mnonews.com
Facebook MNO NEWS- / 1amgqiqdtk
Facebook MNO Streaming - / 1cwuta4zvw
Youtube- / @mno-news