Перейти к содержимому

​​​မော်လူးမြို့အနီးမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်​နေလို့ ​ဒေသခံ​တွေ​​ပြောင်း​ရွေ့ကြဖို့ ပကဖ ထုတ်ပြန်

MNO NEWS

0:00 / 0:00

​​​မော်လူးမြို့အနီးမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်​နေလို့ ​ဒေသခံ​တွေ​​ပြောင်း​ရွေ့ကြဖို့ ပကဖ ထုတ်ပြန်

729 просмотров · 8 ч назад
MNO NEWS
148 тыс. подписчиков
729 просмотров · 8 ч назад
6 NOVEMBER 2026 စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေ အရေး ပေါ်ပြောင်းရွှေ့ကြဖို့ နဲ့ ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ ကသာ မြို့နယ်ပကဖက ထုတ်ပြန်ပါတယ်။ ​နိုဝင်ဘာ ၅. ရက်​နေ့ မနက်ပိုင်းမှာ မော်လူးမြို့အနီးနှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်က ဗုံးကြဲ တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြို့အနီးပိတ်မိနေတဲ့ ခရီးသွားယာဥ်တန်းမှ ကား၁ စီးမီးလောင်သွားခဲ့ပြီးဒေသခံတချိူ့ ထိခိုက်မှု ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ​ဒေသခံ တစ်ဦးလည်းဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ခရီးသွားကားတွေနဲ့ ကုန်တင်ယာဥ်တွေလည်းနဘားရွာဘက်ကို အမြန်ဆုံးထွက်ခွာကြဖို့Indaw Revolution-IR က သတိပေး ထုတ်ပြန်ထားပါတယ်။ ထီးချိူင့်-ကသာလမ်းနဲ့ ကသာ-မော်လူးလမ်းကိုဒေသခံတွေအသုံးမပြုကြဖို့နဲ့ ထိခိုက်မှုဖြစ်လာရင်တာဝန်မယူဘူးလို့ ကသာမြို့နယ် ပကဖက ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၄ ရက်၊ည ၇ နာရီခန့်အချိန်မှာကောလင်းမြို့နယ်ထဲရှိ NUGဆေးခန်းကို စစ်တပ်က ဗုံးကြဲလို့ ဆရာဝန်နဲ့ သူနာပြုအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းတုန်းကလည်း အင်း​​တော်နဲ့ ​မော်လူးမြို့နယ်ကြားမှာ စစ်တပ်ယာဥ်တန်း​ကို ​ဒေသခံ PDF အဖွဲ့​တွေက တိုက်ခိုက်လို့ စစ်ကားတချိူ့ မီး​လောင်ပျက်စီးသွားတယ်လို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။ အင်း​တော်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး​နောက် ​သေဆုံးသွားတဲ့ စစ်သားအ​လောင်း​တွေကို ​ဒေသခံတွေနဲ့ PDF ​တွေက လိုက်လံရှင်းလင်းမြှုပ်နှံ​ပေး​နေရတယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ကမှစပြီး မန္တလေး-မြစ်ကြီးနားလမ်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်း​တော်မြို့နယ်ထဲကို စစ်​ကြောင်း ၂ခုခွဲပြီး ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။။ ရုပ်သံ- IR,Si Thu Aung MNO NEWS Youtube Channel ကို Subscribe လုပ် ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။ အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။ Website- www.mnonews.com Facebook MNO NEWS-   / 1amgqiqdtk   Facebook MNO Streaming -   / 1cwuta4zvw   Youtube-   / @mno-news