Перейти к содержимому

Khit Thit Afternoon News | April 11, 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | April 11, 2026

353 792 просмотра · 4 месяца назад
Khit Thit Media
3,28 млн подписчиков
353 792 просмотра · 4 месяца назад
Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိတာကြောင့် နိုင်ငံအနှံ့ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်ပြီး နိုင်ငံဆင်းရဲဒုက္ခတွင်း ထဲရောက်အောင် ဖျက်ဆီးနေတယ်လို့ အကြမ်းဖက်ဇွတ်သမ္မတ မင်းအောင်လှိုင်က ထပ်မံပြောဆို ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေပြီး ၂ ရက်အတွင်းမှာပဲ အမျိုးသား အယောက် ၃၀ နီးပါး ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ဆက်စပ်လမ်းတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် တွေက အရပ်သားဟန်ဆောင်ကာ လှုပ်ရှားသွားလာနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာပေးကြဖို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIO/PIA) က ဧပြီလ ၉ ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။ အီရန်နဲ့ အမေရိကန် အပစ်အခတ်ရပ်စဲသွားရင်တောင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ အခွန်ကောက်ခံမှုတွေ ရှိလာမယ့်အတွက် ရေနံစျေးအတွက် ကုန်ကျစရိတ်ပိုလာနိုင်ပြီး ရေနံစျေးနှုန်းတွေ ကျဆင်းဖို့ ခက်ခဲနေဦးမယ်ဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။