Перейти к содержимому

အနာဂတ်ကို စီစဉ်ပါ… ဒါပေမယ့် အဲဒီထဲမှာ မနေပါနဲ့#justalittleforyou#innerpeace #mindset #healing

JUST ALITTLE FOR YOU

0:00 / 0:00

အနာဂတ်ကို စီစဉ်ပါ… ဒါပေမယ့် အဲဒီထဲမှာ မနေပါနဲ့#justalittleforyou#innerpeace #mindset #healing

16 просмотров · 6 дней назад
JUST ALITTLE FOR YOU
298 подписчиков
16 просмотров · 6 дней назад
အနာဂတ်ဆိုတာ မရောက်သေးတဲ့အချိန်တစ်ခုပါ.. ဒါပေမယ့် တစ်ခါတလေ ကိုယ်တို့ဟာ မရောက်သေးတဲ့နေ့တွေကို ကြိုပြီးနေတတ်ကြပါတယ်... နောက်လမှာ ဘာဖြစ်မလဲ နောက်နှစ်မှာ ဘယ်လိုဖြစ်မလဲအရာရာက ကိုယ်မျှော်လင့်သလို ဖြစ်ပါ့မလားဆိုပြီး မဖြစ်သေးတဲ့အရာတွေကို ကြိုတင်တွေးတတ်ကြပါတယ်.. အနာဂတ်အတွက် စီစဉ်ထားဖို့လိုပါတယ်.. ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် ကြိုးစားဖို့လည်းလိုပါတယ်...ဒါပေမယ့် မရောက်သေးတဲ့အချိန်ထဲမှာ စိတ်နဲ့အတူ သွားပြီးနေမိဖို့တော့ မလိုပါဘူး.. ဘာဖြစ်လာမလဲဆိုတာ အခုအချိန်မှာ အားလုံးကို သိနိုင်မှာမဟုတ်ပါဘူး... တချို့အရာတွေက ကိုယ်ထင်ထားသလို ဖြစ်နိုင်သလို ကိုယ်မမျှော်လင့်ထားတဲ့ပုံစံနဲ့လည်း ဖြစ်လာနိုင်ပါတယ်... အဲဒါကြောင့် အနာဂတ်ကို စဉ်းစားပါ..စီစဉ်ပါ..ကြိုးစားပါ.. ဒါပေမယ့် မရောက်သေးတဲ့နေ့တွေကြောင့် ရောက်နေပြီးသား ဒီနေ့ကို မပျောက်ဆုံးပါစေနဲ့... ဒီနေ့မှာ လုပ်စရာရှိတာကို လုပ်ပါ..ဒီနေ့မှာ ရှိနေတဲ့အရာတွေကိုလည်း သတိထားခံစားပါ...ဘာဖြစ်မလဲဆိုတာ မသိသေးတဲ့ မနက်ဖြန်ထက် လက်ထဲမှာရှိနေတဲ့ ဒီနေ့ကပဲ ကိုယ်တကယ်အသုံးချနိုင်တဲ့အချိန် ဖြစ်ပါတယ်... ဒီနေ့ရဲ့ စာပိုဒ်လေးမှာတော့ အနာဂတ်အတွက် ပြင်ဆင်တတ်ရင်း လက်ရှိအချိန်မှာလည်း နေတတ်ဖို့ မဖြစ်သေးတဲ့အရာတွေကို ကြိုပြီးစိတ်မပင်ပန်းစေဖို့ အတွေးလေးရရှိခံစားစေမှာပါ ... မနက်ဖြန်အတွက် စီစဉ်ပါ… ဒါပေမယ့် မနက်ဖြန်ထဲမှာ ဒီနေ့ကို မပျောက်ဆုံးပါစေနဲ့... မရောက်သေးတဲ့အချိန်ထက် ရောက်နေပြီးသား ဒီနေ့လေးကို အပြည့်အဝ နေထိုင်နိုင်ပါစေနော်... နောက်ထပ်ဖတ်ပြပေးမယ့်စာပိုဒ်လေးတွေမှာ ပြန်လည်ဆုံတွေ့ကျပါစို့နော်... Thank you for listening 💛 JUST ALITTLE FOR YOU #justalittleforyou #youtubegrowth #youtubevideo