မလိုအပ်တာတွေကို ဖယ်ရှားလိုက်တဲ့အခါ ဘာတွေကျန်ခဲ့မလဲ?#justalittleforyou#mindset #declutter #innerpeace
JUST ALITTLE FOR YOU
0:00 / 0:00
မလိုအပ်တာတွေကို ဖယ်ရှားလိုက်တဲ့အခါ ဘာတွေကျန်ခဲ့မလဲ?#justalittleforyou#mindset #declutter #innerpeace
15 просмотров · 10 дн. назад
JUST ALITTLE FOR YOU
298 подписчиков
15 просмотров · 10 дн. назад
ဘဝမှာ အရာတွေကို ပိုပြီးစုဆောင်းလာတတ်ကြပေမယ့်
မလိုအပ်တော့တဲ့အရာတွေကို ပြန်လည်ရှင်းလင်းဖို့တော့ မေ့လျော့နေတတ်ကြပါတယ်...
ပစ္စည်းတွေ အလေ့အကျင့်တွေ အတွေးအမြင်တွေ
နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေနဲ့ ကိုယ့်ဘဝထဲမှာ နေရာယူထားတဲ့အရာတွေ အများကြီးရှိနိုင်ပါတယ်...
အဲဒီအရာတွေထဲမှာ တကယ်လိုအပ်နေသေးတဲ့အရာတွေ
ရှိသလိုအချိန်ကြာလာတာနဲ့အမျှ
မလိုအပ်တော့တဲ့အရာတွေလည်း ရှိလာနိုင်ပါတယ်..
မလိုအပ်တာတွေကို ရှင်းလင်းပစ်ခြင်းဆိုတာ အရာအားလုံးကို စွန့်ပစ်လိုက်ဖို့ မဟုတ်ပါဘူး..
ဘာက တကယ်လိုအပ်သလဲ ဘာက မလိုအပ်တော့ဘူးလဲဆိုတာ ပြန်လည်သုံးသပ်ပြီး ကိုယ့်ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့အရာတွေကို ရွေးချယ်တတ်ဖို့ ဖြစ်ပါတယ်...
တစ်ခါတလေ ပိုပြီးပြည့်စုံလာဖို့ထက် မလိုအပ်တာတွေကို လျှော့ချတတ်ခြင်းက ပိုမိုရှင်းလင်းတဲ့နေရာ ပိုမိုစနစ်ကျတဲ့ဘဝနဲ့ အသစ်တွေကို လက်ခံနိုင်မယ့်အခွင့်အရေးတွေ
ဖန်တီးပေးနိုင်ပါတယ်...
ဒါကြောင့် ကိုယ့်ဘဝထဲမှာ ဘာတွေကို ဆက်လက်ထိန်းသိမ်းသင့်သလဲ ဘာတွေကို ရှင်းလင်းဖယ်ရှားသင့်သလဲဆိုတာ ပြန်လည်စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်...
ဒီနေ့ရဲ့ စာပိုဒ္ဒ်လေးမှာတော့ မလိုအပ်တဲ့အရာတွေကို
ခွဲခြားသိမြင်ပြီး ရှင်းလင်းတတ်ဖို့ တကယ်လိုအပ်တဲ့အရာတွေအတွက် နေရာပေးတတ်ဖို့နဲ့ ဘဝကို ပိုမိုရိုးရှင်းစွာ
နေထိုင်တတ်ဖို့ အတွေးလေးတစုံတရာရရှိခံစားစေမှာပါ ...
မလိုအပ်တော့တဲ့အရာတွေကို
ရှင်းလင်းတတ်တဲ့အခါ တကယ်လိုအပ်တဲ့အရာတွေအတွက် နေရာပိုရလာနိုင်ပါတယ်..
ကိုယ့်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့အရာတွေကို
ရွေးချယ်ထိန်းသိမ်းတတ်ပါစေရှင် ...
နောက်ထပ်ဖတ်ပြပေးမယ့်စာပိုဒ်လေးတွေမှာ
ပြန်လည်ဆုံတွေ့ကျပါစို့နော်...
Thank you for listening 💛
JUST ALITTLE FOR YOU
#justalittleforyou #youtubegrowth #youtubevideo