DMG Interview || ကျောက်တော်မှာ လူအစုလိုက်အပြုံလိုက် စစ်တပ် သတ်ဖြတ်မှုအပေါ် ဘာပြောကြလဲ
DMG Arakan News
0:00 / 0:00
DMG Interview || ကျောက်တော်မှာ လူအစုလိုက်အပြုံလိုက် စစ်တပ် သတ်ဖြတ်မှုအပေါ် ဘာပြောကြလဲ
1 368 просмотров · 22 часа назад
DMG Arakan News
77,1 тыс. подписчиков
1 368 просмотров · 22 часа назад
ကျောက်တော်မြို့က အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီ တံတားကို စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ် လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅၀ ဦး သေဆုံးပြီး ၅၈ ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ပိုက်သည်ရပ်ကွက်က အိန္ဒိယဈေးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ရခိုင်ပြည်မြို့နယ်အားလုံးသို့ အဓိက ဖြန့်ဖြူးရောင်းချနေတဲ့ လူစည်ကားရာ ဈေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကစ္ဆပနဒီတံတားဟာလည်း ရန်ကုန်- စစ်တွေ အဝေးပြေးလမ်းမကြီးအတွက် အရေးပါတဲ့ တံတားကြီးတစ်စင်းဖြစ်ပါတယ်။
ဒီလိုနေရာမျိုးကို စစ်တပ်ဗုံးကြဲပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ရခိုင့်လူ့ အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းနဲ့ DMG က အင်တာဗျူး မေးမြန်ထားပါတယ်။
#DMGInterview #DMGNews #ရခိုင်သတင်း #ကျောက်တော် #အိန္ဒိယဈေး #ကစ္ဆပနဒီတံတား #လေကြောင်းတိုက်ခိုက်မှု #လူ့အခွင့်အရေး #နိုင်ငံတကာတရားရုံး #ရခိုင်ပြည် #စစ်ရာဇဝတ်မှု #မြန်မာ့အရေး #HumanRights #ArakanNews #MyanmarNews