Перейти к содержимому

ရွာတဝက်နီးပါး မြေပြိုမှုအောက်ရောက်ခဲ့တဲ့ လောင်းလုံးကျေးရွာများ | The Irrawaddy

The Irrawaddy News

0:00 / 0:00

ရွာတဝက်နီးပါး မြေပြိုမှုအောက်ရောက်ခဲ့တဲ့ လောင်းလုံးကျေးရွာများ | The Irrawaddy

75 305 просмотров · 1 день назад
The Irrawaddy News
1,63 млн подписчиков
75 305 просмотров · 1 день назад
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် တောင်ပြိုကျမှုတွေမှာ တောင်ခြေက ကျေးရွာတချို့ ဟာ ရွာတဝက်နီးပါး မြေအောက်ရောက်သွားခဲ့ကြရပါတယ်။ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုကြောင့် သဗျာ၊ ကဒက်ငယ်ထိန်၊ ကရင်ကြီးနဲ့ တောကျဲကျေးရွာတွေမှာ ရွာတဝက်နီးပါး မြေကြီးပိသွားပြီး နေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ ဒေသတွင်း လူမှုကူညီရေး ပေးနေသူတွေဆီကနေ သိရှိရပါတယ်။ ဒီမြေပြိုမှုကြောင့် ကဒက်ငယ်ထိန်ကျေးရွာမှာ လူ ၁၁ ဦးအထိ သေဆုံးမှု အများဆုံးဖြစ်ခဲ့သလို သဗျာ၊ တောကျဲ၊ မင်းရပ်၊ ညောပြင်၊ ကဒက်ကြီး၊ ဇလွတ်နဲ့ ကျောက်နီမော်ကျေးရွာတွေမှာလည်း ၁၆ ဦး သေဆုံးခဲ့တာကြောင့်စုစုပေါင်း သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီလို့ လောင်းလုံး ပအဖ နဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်တို့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် ကဒက်ငယ်ဆိပ်၊ ကရင်ကြီးနဲ့ တီဇစ်ကျေးရွာတွေမှာတော့ လူသေဆုံးမှု မရှိပေမဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ #မြန်မာ #ဧရာဝတီ #လောင်းလုံး #မြေပြို #Environment #ClimateDesk #WhatsHappensInMyanmar _________ မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီး နေ့စဥ်စောင့်ကြည့်နိုင်ပါတယ်။ _________ ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ    / @irrawaddynews1993   Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ _________ Subscribe ▶🔔 @theirrawaddy_news Follow us on: Website English Edition ▶ 🌐 https://www.irrawaddy.com Website Burmese Edition ▶ 🌐 https://burma.irrawaddy.com Facebook Burmese Edition ▶   / theirrawaddyburmese   Facebook English Edition ▶   / theirrawaddy   Twitter ▶   / irrawaddynews   Instagram English Edition ▶   / theirrawaddy   Instagram Burmese Edition ▶   / irrawaddyburmese   Telegram ▶ https://t.me/theirrawaddy Tiktok ▶   / the.irrawaddy1   _________ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation