ယနေ့ ( ၁၇ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ
PSM Myanmar
0:00 / 0:00
ယနေ့ ( ၁၇ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ
36 394 просмотра · 22 ч назад
PSM Myanmar
60,1 тыс. подписчиков
36 394 просмотра · 22 ч назад
သြစတြေးလျ မိုးလေဝသဗျူရို BOMရဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ကထုတ်ပြန်ထားတဲ့ MJO လှုပ်ရှားမှု မြေပုံနဲ့ OLR တန်ဖိုးတွေအရ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဖြစ်ပေါ်လာမယ့် မိုးလေဝသ အခြေအနေတွေကိုတင်ပြပေးသွားပါမယ်။
မိုးတိမ်ဖြစ်ထွန်းမှုကို အားကောင်းစေတဲ့ အပူပိုင်းလေထုလှိုင်း MJO ဟာ လက်ရှိမှာတော့ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်ဖြစ်တဲ့ Phase 2 နဲ့ Phase 3 အစပ်မှာ တည်ရှိနေဆဲဖြစ်ပြီး အားအသင့်အတင့် ရှိနေပါတယ်။
ဒါ့အပြင် OLR တန်ဖိုးတွေကလည်း နည်းပါးနေတာကို တွေ့ရတာကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေပေါ်မှာ တိမ်ထူထပ်ခြင်းနဲ့ မိုးတိမ်တောင်ဖြစ်ပေါ်မှုကို အားကောင်းစေကာ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်၊ ကရင်ပြည်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အောက်တိုဘာ ၁၉ ရက်နေ့အထိ မိုးစိုစွတ်မှု အားကောင်းခြင်းနဲ့အတူ နေရာကွက်ကျား မိုးကြီးခြင်းတွေ ဆက်လက် ဖြစ်ပေါ်နိုင်ပါတယ်။
လာမယ့် အောက်တိုဘာ ၂၀ ရက်ကနေ ၂၅ ရက်အတွင်းမှာတော့ MJO လှိုင်းဟာ အရှေ့ဘက်ကို ဆက်လက် ရွေ့လျားသွားပြီး အရှေ့တောင်အာရှ ပင်လယ်ရေပြင်နဲ့ ကျွန်းဆွယ်ဒေသတွေဖြစ်တဲ့ Phase 4 နဲ့ Phase 5 ဒေသတွေဘက်သို့ တဖြည်းဖြည်း ကူးပြောင်းရောက်ရှိသွားမှာ ဖြစ်သလို OLR တန်ဖိုးတွေက တဖြည်းဖြည်း မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မိုးတိမ်တောင် အားပေးမှုတွေ လျော့ကျသွားပြီး မိုးရွာသွန်းမှုတွေ ပြန်လည် ကျဆင်းသွားမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာလ ပထမအပတ်အတွင်းမှာတော့ OLR တန်ဖိုးတွေ သိသိသာသာ မြင့်တက်သွားတာကို တွေ့ရတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံး တိမ်ကင်းစင်ပြီး တည်ငြိမ်ခြောက်သွေ့တဲ့ ရာသီဥတု အနေအထားကို အပြည့်အဝ ကူးပြောင်းသွားနိုင်မှာ ဖြစ်ပါတယ်။
တောင်သူဦးကြီးများအတွက်တော့ အောက်တိုဘာ ၁၇ ရက်ကနေ ၁၉ ရက်အတွင်း မိုးဆက်လက်ရှိနိုင်တဲ့အတွက် စတင်စိုက်ပျိုးမယ့် ဆောင်းသီးနှံစိုက်ခင်းများမှာ ရေဝပ်ခြင်း မဖြစ်ပေါ်စေဖို့ ရေထုတ်မြောင်းများကို စနစ်တကျ ပြုပြင်ဖောက်လုပ်ထားကြဖို့ အကြံပြုလိုပါတယ်။
မိုးသီးနှံများရိတ်သိမ်းကြမယ့် တောင်သူဦးကြီးတွေအနေနဲ့လည်း အောက်တိုဘာ ၁၇ ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေဘက်မှာ မိုးဆက်ပြီး ရွာသွန်းနိုင်ခြေ ရှိသေးတာမို့ စိုက်ခင်းတွေထဲမှာ ရေဝပ်တာတွေ မဖြစ်ပေါ်အောင် ရေထုတ်မြောင်းတွေပြုလုပ်ဖို့ လိုအပ်သလို ရိတ်သိမ်းပြီးသား စပါးနဲ့ သီးနှံတွေကိုလည်း မိုးမစိုစေဖို့ အမိုးအကာအောက်မှာ သေသေချာချာ ဖုံးအုပ်သိမ်းဆည်းထားကြဖို့ တိုက်တွန်းလိုပါတယ်။
ဒီနေ့မှာတော့ တနင်္သာရီတိုင်း ကရင်ပြည် မွန်ပြည် ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ရခိုင်ပြည်တောင်ပိုင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက် မိုးသည်းထန်နိုင်ပါတယ်။
ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် ကရင်နီပြည်တို့ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာလည်း နေရာစိပ်စိပ်ကနေ နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ကာ ဒေသအလိုက် မိုးသည်းထန်နိုင်ပါတယ်။
ချင်းပြည်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ များသောအားဖြင့် သာယာနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မနက်ဖြန်မှာ ဒီနေ့ထက် နိုင်ငံတဝန်းမှာ နေ့အပူချိန်တိုးလာဖို့ ရှိနေပြီး ပျမ်းမျှအားဖြင့် ၃၂ ဒီဂရီကနေ ၃၄ ဒီဂရီအထိ အမြင့်ဆုံးရောက်ရှိနိုင်ကာ မကွေးတိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်းနဲ့ ကရင်ပြည်တို့မှာတော့ ၄၀ ဒီဂရီကနေ ၄၂ ဒီဂရီလောက်အထိ အပူရှိန်ကို ခံစားရနိုင်တာကြောင့် ပူအိုက်နေမှာဖြစ်ပါတယ်။
ညအပူချိန်တွေအနေနဲ့ ရှမ်းတောင်တန်း ကချင်တောင်တန်း ချင်းတောင်တန်း ဒေသတွေက ကုန်းမြင့်တွေမှာ ၁၄ ဒီဂရီကနေ ၁၂ ဒီဂရီလောက်အထိ ညအပူချိန်ကျဆင်းနိုင်ပေမဲ့ စစ်ကိုင်းအောက်ပိုင်း မန္တလေး နေပြည်တော် မကွေး ရခိုင် ဧရာဝတီ ရန်ကုန် ပဲခူး မွန် ကရင်နဲ့ တနင်္သာရီတို့မှာတော့ ၂၄ ဒီဂရီကနေ ၂၆ ဒီဂရီလောက်အထိသာ ကျဆင်းနိုင်တာကြောင့် ပူနွေးနေမှာဖြစ်ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း ကရင်ပြည် မွန်ပြည် ပဲခူးတိုင်း ကရင်နီပြည် ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း နေပြည်တော် မကွေးတိုင်း ရခိုင်ပြည် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက် မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ အကြံပြုလိုပါတယ်။
နောက် ၂ ရက်အတွင်းမှာတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြန်မာ့ ပင်လယ်ပြင်အခြေအနေမှာတော့ မြန်မာကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေကနေ ၆ ပေခန့် ရှိနိုင်ပါတယ်ရှင်။
PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
#psm_weather
#psm_myanmar
#psm_news