Перейти к содержимому

မာနယ်ပလောအောင်ပွဲနှင့် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မည့် စစ်ရေးအလားအလာ

Myanmar Now News

0:00 / 0:00

မာနယ်ပလောအောင်ပွဲနှင့် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မည့် စစ်ရေးအလားအလာ

768 747 просмотров · 1 год назад
Myanmar Now News
1,19 млн подписчиков
768 747 просмотров · 1 год назад
နှစ်ပေါင်း ၃၀ကြာပြီးမှ ပြန်ရတဲ့ ခရစ္စမတ်လက်ဆောင် သို့မဟုတ် မာနယ်ပလော …………….. ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဌာနချုပ်ဟောင်း ဖြစ်ခဲ့ပြီး၊ ၁၉၈၈ခုနှစ်နောက်ပိုင်း တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ခိုလှုံရာ၊ စုစည်းရာနေရာ ဖြစ်ခဲ့တာကြောင့် သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ မာနယ်ပလောဒေသကို နှစ်ပေါင်း ၃၀အကြာမှာ KNU က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲက မာနယ်ပလောဌာနချုပ်ကို လက်စဖျောက်ချင်တဲ့ စစ်တပ်ဟာ KNU ထဲက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကရင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကြားမှာ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ အဲ့ဒီနောက် KNU တပ်ဖွဲ့ဝင်တချို့ဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) အဖြစ် ခွဲထွက်သွားခဲ့ကြပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ DKBA နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် KNU ဟာ မာနယ်ပလောကို လက်လွှတ်ခဲ့ရပါတယ်။ ခုလို မာနယ်ပလောကို ပြန်ရလိုက်တာဟာ ခရစ္စမတ်လက်ဆောင်တစ်ခုလို သဘောထားကြောင်းနဲ့ ကရင့်တော်လှန်ရေးရဲ့ အင်အားကို ပြသတာဖြစ်တယ်လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ ၂၀၂၁ တကျော့ပြန်စစ်အာဏာသိမ်းမှု ၄နှစ်နီးပါးအတွင်းမှာ စစ်တပ်ရဲ့ဌာနချုပ် နေပြည်တော်နဲ့ကပ်လျက် ပဲခူးတိုင်းထဲက ရန်ကုန်-မန္တလေးကားလမ်းနားအထိ KNU ရဲ့ နယ်မြေက ကျယ်ပြန့်လာပါတယ်။ မာနယ်ပလောဌာနချုပ်ရဲ့ သမိုင်းကြောင်းအပါအဝင် KNU ရဲ့ စစ်ရေးရည်မှန်းချက်တွေ၊ စစ်ရေးအလားအလာတွေနဲ့ပတ်သက်ပြီး ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း - စထွန်းအောင်