စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး NUG ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်
Myanmar Now News
0:00 / 0:00
စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး NUG ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်
281 995 просмотров · 1 год назад
Myanmar Now News
1,19 млн подписчиков
281 995 просмотров · 1 год назад
စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ပြောကြား
-------------------
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများကို စုစည်းကာ ယခုလ (ဇန်နဝါရီလ) အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေများတွင် အစိုးရရုံးများ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေပြီး မြေပြင် အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်က Myanmar Now ကိုပြောသည်။
“သိပ်မကြာခင်မှာ စစ်ကိုင်းတိုင်းမှာ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊အတွင်းဝန် တွေ၊ နောက်ပြီးတော့ တိုင်းဦးစီးတွေ ၊ ဒုတိုင်း ဦးစီးတွေ စုစည်းပြီးတော့ အလုပ်လုပ်နိုင် တဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ အခု ဇန်နဝါရီမှာ အကောင်အထည်ဖော်မယ်” ဟု ၎င်းက ပြောသည်။
ယခု အချိန်တွင် NUG ၏ ဝန်ကြီးဌာန အသီးသီးမှာ စုစည်းမှုမရှိဘဲ အဝေးမှသာ ဆက်သွယ် လုပ်ကိုင်နေရပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တစ်ခုခု ချက်မှတ်နိုင်ရေး သဘောတူညီမှုတစ်ခုခုရရှိရန် အချိန်ယူဆောင်ရွတ်နေရသည်၊ ထို့ကြောင့် မဟာဗျူဟာမြောက် ကော်မရှင်ကြီးများကို တစ်နေရာ တည်းတွင် စုစည်းပြီး တော်လှန်ရေးကို အရှိန်မြင့် လုပ် ဆောင်နိုင်ရန် ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန် လုံးဝလျှော့မည်မဟုတ်ဘဲ အရေးကြီးစစ်ဆင်ရေးများ ရှိလာမည့်အကြောင်းလည်း ဦးလွင်ကိုလတ်က အသိပေးသည်။
NUG ၏ ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်သည် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ် ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိထားသူဖြစ်သည်။
မြန်မာပြည်အောက်ပိုင်း ပဲခူးတိုင်းအတွင်းရှိ PDF ထိန်းချုပ်နယ်မြေသို့ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကို Myanmar Now သတင်းထောက်က သွားရောက် တွေ့ဆုံရာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မေးမြန်း၊ ရိုက်ကူး - စောရယ်