အံ့အားသင့်စရာ ရွေးကောက်ပွဲရလဒ်များနှင့် လူငယ်တို့၏ အသံ
My Notes
0:00 / 0:00
အံ့အားသင့်စရာ ရွေးကောက်ပွဲရလဒ်များနှင့် လူငယ်တို့၏ အသံ
74 851 просмотр · 16 ч назад
My Notes
688 тыс. подписчиков
74 851 просмотр · 16 ч назад
🚨 ဆားဘီးယား၊ ဘရာဇီး၊ အစ္စရေးနှင့် အမေရိကန် ရွေးကောက်ပွဲများက ဘာတွေပြောနေသလဲ?
လက်ရှိ လောလောလတ်လတ် ကျင်းပပြီးစီးသွားတဲ့ ဆားဘီးယားနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ ရွေးကောက်ပွဲရလဒ်တွေကတော့ အံ့သြစရာကောင်းခဲ့ပါတယ်။ နိုင်ငံနှစ်နိုင်ငံဟာ ပထဝီအနေအထား၊ သမိုင်းနဲ့ နိုင်ငံရေးနောက်ခံတွေ မတူညီကြပေမဲ့ ဒီရွေးကောက်ပွဲရလဒ်တွေရဲ့ နောက်ကွယ်မှာတော့ စိတ်ဝင်စားစရာ တူညီချက်တွေ ရှိနေပါတယ်။
အထူးသဖြင့် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ၊ လူငယ်တွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ လမ်းမပေါ်အထိ ရောက်လာတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေဟာ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ သတိထားကြည့်ရှုရမယ့် အကြောင်းအရာတွေ ဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း အစ္စရေးရဲ့ နိုင်ငံရေးအခြေအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေးကောက်ပွဲ (Midterm Elections) တို့ဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြည်သူတွေရဲ့ မကျေနပ်မှုတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို မြင်တွေ့နေရတာဟာ စိုးရိမ်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေဟာ သူတို့ရဲ့ အသံကို ထုတ်ဖော်နေကြဆဲဖြစ်ပြီး ဒီမိုကရေစီဟာလည်း ရှင်သန်နေဆဲဖြစ်တယ်လို့ မြင်နိုင်ပါတယ်။
ဒီတစ်ပတ် My Notes YT Channel ရဲ့ ကမ္ဘာ့သတင်းသုံးသပ်ချက်မှာတော့ ဒီရွေးကောက်ပွဲတွေနဲ့ နောက်ကွယ်က နိုင်ငံရေးအပြောင်းအလဲတွေကို လေ့လာသုံးသပ်ရင်း အရှေ့အလယ်ပိုင်းဒေသရဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း ထည့်သွင်းတင်ဆက်ထားပါတယ်။
#ကမ္ဘာ့သတင်းသုံးသပ်ချက်