Khit Thit Afternoon News | 20 September 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 20 September 2026
63 456 просмотров · 2 часа назад
Khit Thit Media
3,28 млн подписчиков
63 456 просмотров · 2 часа назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီမှာ ပါတီခေါင်းဆောင်သစ်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ကြမှာဖြစ်ပြီး မိမိအနေနဲ့ ပါတီခေါင်းဆောင်သစ်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ကြိုဆိုပံ့ပိုးသွားမယ်လို့ လက်ရှိကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းကနေ ရရှိတဲ့ မြန်မာကျပ်ငွေနဲ့ USDT ခရစ်ပတို ငွေကြေးတွေ လွှဲပြောင်းနေတယ်လို့ဆိုကာ ပြည်တွင်းကုမ္ပဏီ ၄ ခုနဲ့ အဆိုပါကုမ္ပဏီတွေရဲ့ ဒါရိုက်တာ ၄ ဦးကို အမည်မည်းစာရင်း (Black List) သွင်းလိုက်ပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဝရမ်းတွေ ထုတ်ထားတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ အနီးရှိ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြား နေပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူနဲ့ ဗန်းမော်မြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီး နစ်မြုပ်သွားတဲ့ စစ်သင်္ဘောတွေပေါ်က အသက်ရှင်လျက် ခုန်ချထွက်ပြေးလွတ်မြောက်လာသူတွေကို KIA ပူးပေါင်းတပ်တွေက တောတောင်တွေနဲ့ မြစ်ကမ်းဘေးတစ်လျှောက် လိုက်လံရှာဖွေကာ ကယ်ဆယ်ပေးနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။