ဝါးထွက်လက်မှုပစ္စည်းတွေ ရက်လုပ်ပြီးအသက်မွေးသူ(ရုပ်/သံ)
Narinjara TV News
0:00 / 0:00
ဝါးထွက်လက်မှုပစ္စည်းတွေ ရက်လုပ်ပြီးအသက်မွေးသူ(ရုပ်/သံ)
2 580 просмотров · 10 месяцев назад
Narinjara TV News
160 тыс. подписчиков
2 580 просмотров · 10 месяцев назад
ဝါးထွက်လက်မှုပစ္စည်းတွေ ရက်လုပ်ပြီးအသက်မွေးသူ(ရုပ်/သံ)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅
မထူမပါးထိုးထားတဲ့ နှီးကြောပြားတွေနဲ့ ပူတောင်းငယ်လေးတွေ တစ်ခုပြီးတခု ရက်လုပ်နေသူကတော့ အသက်(၇၀)အရွယ်ရှိပြီဖြစ်တဲ့ ဦးရွှေလှပါ။
သူဟာ ရခိုင်ပြည်၊ ကျောက်တော်မြိုနယ်ဇာတိဖြစ်ပြီး ဝါးနဲ့ ကြိမ်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဆန်ကော၊ ဆန်ကာ၊ တောင်း၊ ပလုံး၊ ပူတောင်း၊ ခမောက်၊ ခြင်းတောင်း စတာတွေကို ရက်လုပ်ပြီး အသက်မွေးနေသူဖြစ်ပါတယ်။
ဦးရွှေလှဟာ အရင်တုန်းက ဒေသတွင်းကျပန်းအလုပ်နဲ့ မိသားစုကို ဦးဆောင်နေခဲ့သူပါ။ လက်ရှိမှာတော့ အသက်အရွယ်အရ ပင်ပန်းတဲ့ အလုပ်တွေမလုပ်နိုင်တော့တာကြောင့် သူတတ်ကျွမ်းတဲ့ ဝါးထွက်လက်မှုပညာကိုအသုံးချပြီး မိသားစုဝမ်းရေးအတွက် ဝင်ငွေရှာနေသူလည်းဖြစ်ပါတယ်။
ရခိုင်မှာ လက်မှုပစ္စည်းတွေ နေရာမှာ ပလက်စတစ်ပစ္စည်းတွေက အကျယ်တဝင့် နေရာယူထားပေမဲ့ ဝါး၊ ကြိမ်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပူတောင်း၊ ဆန်ကော၊ ဆန်ကာ၊ တောင်း၊ ပလုံး၊ ခမောက်၊ ခြင်းတောင်း စတာတွေကိုလည်း အမြတ်တနိုးနဲ့ အသုံးပြုနေကြသူ အများအပြားရှိနေဆဲပါ။
ရခိုင်ဒေသမှာ ဒီဝါးနဲ့ ပြုလုပ်ရတဲ့ရိုးရာလက်မှုပညာရပ်ကို ရခိုင်အပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေက အခေါ်အဝေါ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ မိရိုးဖလာလုပ်ကိုင်ကြလေ့ရှိပါတယ်။
ဒီဝါးနဲ့လုပ်တဲ့လက်မှုပညာဟာ လက်ဆင့်ကမ်းလာတဲ့ ရိုးရာ အမွေအနှစ်တစ်ခုဖြစ်တာကြောင့် တိမ်ကောပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖိုလည်း လိုအပ်လျက်ရှိနေပါတယ်။
------------
Join this channel to get access to perks:
/ @narinjaratv
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။
🌐 Website
https://burmese.narinjara.com/
🌐 Twitter -
https://twitter.com/narinjaran?lang=en
🌐 Facebook -
မြန်မာစာသတင်း
/ narinjara.info
🌐 Facebook -
အင်္ဂလိပ်စာသတင်း
/ narinjaraenglish
🌐 Telegram -
https://t.me/narinjaranews
🌐 TikTok Link -
/ narinjara