ရခိုင်လေကြောင်းတိုက်ခိုက်ခံရမှုမှာ မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေ သေဆုံး
BBC News မြန်မာ
0:00 / 0:00
ရခိုင်လေကြောင်းတိုက်ခိုက်ခံရမှုမှာ မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေ သေဆုံး
7 017 просмотров · Трансляция закончилась 2 ч назад
BBC News မြန်မာ
2,78 млн подписчиков
7 017 просмотров · Трансляция закончилась 2 ч назад
နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
မြောက်ဦး ယာယီသားဖွားဆေးရုံ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က လေကြောင်း တိုက်ခိုက်ခံ ရမှုအတွင်း ကလေးငယ်နှစ်ယောက် အပါအဝင် လူ၆ ဦးသေဆုံးခဲ့ပြီး ဆေးရုံနဲ့ဆေးဝါးဆိုင်ရာ ပစ္စည်းတွေ ပျက်စီးခဲ့
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲ ဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် စီရင်ချက် ချမယ်
စည်ပင်သာယာဌာနကပေးဝေနေတဲ့ ရေမရတာ တစ်ပတ်နီးပါးရှိလာတာကြောင့် ရန်ကုန်မြို့နယ်တချို့ သောက်ရေရော သုံးရေပါ အခက်အခဲတွေ ကြုံနေ
အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲ လွှတ်တော် ၂ ရပ်လုံး ဒီမိုကရက်တွေနိုင်
ဒီမိုကရက်တစ်ပါတီက အမျိုးသမီး အနည်းဆုံး အယောက် ၁၀၀ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဒါဟာ အရင်က မရှိဖူးတဲ့ အရေအတွက်ဖြစ်
ပြည်သူတွေ ဟာ အမုန်းတရား၊ ရာသီဥတုပြောင်းလဲမှုကို ငြင်းပယ်တာနဲ့ အခွင့်ထူးခံ အထက်တန်းလွှာတွေ ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြတာလို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြော
ယူအေအီးမှာ အမေရိကန် သမ္မတကတော် မယ်လနီယာ ထရမ့်ကို အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်တဲ့ အိုလ်ဂါမင်းသမီး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
အင်ဒိုနီးရှားမှာ သမ္မတရဲ့ ဖုန်းပြောဆိုမှုကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲအရာရှိနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်မှာ သမ္မတ ဆူဘီယန်တိုက သူ့ရုံးအဖွဲ့မှူးကို ရာထူးကနေ ထုတ်လိုက်
ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် အလုပ်သမား လုပ်ခလစာတိုးမြှင့်ရေး ညှိနှိုင်းဖို့ အစိုးရ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့က အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ သဘောတူညီလိုက်
စပိန်မှာ လူ ၆၉ ယောက် သေဆုံးခဲ့တဲ့ အမြန်ရထားတိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းမှာ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်တေး ရာထူးက နုတ်ထွက်သွားပါတယ်။
ဥရောပတလွှား ခရီးသည်တင်လေယာဉ် အနည်းဆုံး ခုနစ်စင်း ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရရှိခဲ့တာကြောင့် အီတလီ၊ စပိန်၊ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက လေဆိပ်တွေမှာ လုပ်ငန်းတွေ နှောက်နှေးခဲ့တဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://bbc.in/2TSNLYZ
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို