အောက်တိုဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch TV
0:00 / 0:00
အောက်တိုဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
8 320 просмотров · 2 дн. назад
Dawei Watch TV
115 тыс. подписчиков
8 320 просмотров · 2 дн. назад
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထားဝယ်မြို့ပေါ်မှာ ရပ်ထားတဲ့သုံးဘီးပေါ် ကနေ လက်လုပ်မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့တဲ့သတင်း
သရက်ချောင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကညင်ချောင်းနဲ့ သင်ပုန်းချောင်းရွာမှာ နေအိမ် ၅၀ လောက်မြေပိနေတဲ့ အကြောင်း
ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာရှင်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီတိမ်းရှောင်ရတဲ့ အခြေအနေ
သရက်ချောင်းမြို့နယ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးတဲ့ သတင်း
တနင်္သာရီ မြစ်ရေပြန်ကျပြီဖြစ်ပေမဲ့ ရေတွင်းနဲ့ လမ်းတွေမှာ တင်နေတဲ့ နုန်းတွေရှင်းဖို့ အကူအညီလိုအပ်နေတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။#DaweiWatch
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။