7Day TV အသစ်တွေ့ရှိတဲ့သဘာဝဓာတ်ငွေ့သိုက်ကို ငါးနှစ်အတွင်းထုတ်နိုင်မယ်
7Day TV
0:00 / 0:00
7Day TV အသစ်တွေ့ရှိတဲ့သဘာဝဓာတ်ငွေ့သိုက်ကို ငါးနှစ်အတွင်းထုတ်နိုင်မယ်
3 154 просмотра · 8 лет назад
7Day TV
699 тыс. подписчиков
3 154 просмотра · 8 лет назад
စက်တင်ဘာ - ၂၅ ၊၂၀၁၈
ပုသိမ်မြို့ရဲ့အနောက်မြောက်ဘက် မှာ ရှိတဲ့ ကမ်းလွန် ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက် A -6 မှာ တူးဖော်ခဲ့တဲ့ တွင်းအမှတ် ရွှေရည်ထွန်း ( ၂) မှ သဘာဝ ဓာတ်ငွေ့သိုက်ကို ငါးနှစ်အတွင်း ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ MPRL E&P Pte., Ltd. ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစည်သူမိုးမြင့်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ တွင်းအမှတ် ရွှေရည်ထွန်း(၂)မှ လုပ်ကွက်ကနေ သဘာဝဓာတ်ငွေ့ တွေ့ရှိမှုကို သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီတွင်းကို ဇူလိုင်လ က စတင်တူးဖော်ခဲ့ရာမှာ ရည်မှန်းအနက် ၄၈၅၀ မီတာ အထိ တူးဖော်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ အသားတင်ထုတ်ယူရနိုင်မယ့် သဲကြောအထူး ၄၀ မီတာခန့်ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေရည်ထွန်း ၂ ကနေ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူနိုင်တယ်လို့ စမ်းသပ်တွေ့ရှိရတာ ကြောင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ပွဲမှာ ဆိုပါတယ်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A -6 မှာ MPRL E&P Pte., Ltd. က ရင်းနှီးမြှုပ်နှံမှု နှစ်ဆယ်ရာခိုင်နှုန်းနဲ့ လုပ်ငန်းဦးဆောင်ကုမ္ပဏီအဖြစ်လည်းကောင်း ၊ သြစတြေးလျ နိုင်ငံ Woodside Energy (Myanmar) Pte., Ltd. မှ လေးဆယ်ရာခိုင်နှုန်း ၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co., Ltd. က လေးဆယ်ရာခိုင်နှုန်း နဲ့ အချိုးကျ ပါဝင်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်တာလို့ သိရပါတယ်။
ရွှေရည်ထွန်း (၂ )ကနေ ထွက်ရှိလာတဲ့ သဘာဝဓာတ်ငွေ့ကိုအစိုးရကလျော့ဈေးနဲ့ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။
ဒါအပြင် ထွက်ရှိလာမယ့် သဘာဝဓာတ်ငွေ့ ရဲ့ တဝက်ကို ပြည်တွင်း ကို ရောင်းချဖို့ရည်ရွယ်ထားပြီး တဝက်ကိုတော့ ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - မောင်သင်တုန်း