အညာသတ္တိကို ထပ်ပြတဲ့ ၉/ အညာမြေ စစ်ဆင်ရေး | People's Spring
People's Spring
0:00 / 0:00
အညာသတ္တိကို ထပ်ပြတဲ့ ၉/ အညာမြေ စစ်ဆင်ရေး | People's Spring
171 728 просмотров · 1 год назад
People's Spring
700 тыс. подписчиков
171 728 просмотров · 1 год назад
အညာသတ္တိကို ထပ်ပြတဲ့ ၉/ အညာမြေ စစ်ဆင်ရေး
-ရှိန်း/People's Spring
မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းက၉/အညာမြေစစ်ဆင်ရေးအကြောင်း ဒီတစ်ပါတ်ပြောပြပါမယ်။
မန္တလေးတိုင်း၊မြင်းခြံခရိုင်မှာ မေလ၁၅ရက်နေ့ကစတင်ခဲ့တဲ့ ၉/အညာမြေစစ်ဆင်ရေးဟာစစ်တပ်ထိန်းချုပ်ခဲ့တဲ့ နယ်မြေတချို့ကိုသိမ်းယူထားနိုင်ပြီးတော့ စစ်ဆင်ရေးဟာလကုန်ပိုင်းအထိရပ်တန့်ခြင်းမရှိသေးပါဘူး ။
၉/အညာ မြေစစ်ဆင်ရေးကိုမြင်းခြံခရိုင်လုံးအတိုင်းအတာအနေနဲ့ မေလ၁၅ ရက်နေ့ မှာ မြင်းခြံ၊တောင်သာ၊နွားထိုးကြီး မြို့နယ်တို့မှာတပြိုင်နက် စတင်ခဲ့ပါတယ်။
မြင်းခြံမြို့နယ်မှာရှိတဲ့ဆီးမီးခုံရဲစခန်း၊ကျောက်ပြုတ်ရွာပျူစောထီးစခန်း ၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ မြင်းခြံမြို့ပေါ်က ၁၈ ရပ်ကွက်နဲ့ ခရိုင်ထွေအုပ်ရုံး ၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရဲစခန်း၊မြန်မာ-တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းစောင့်စခန်း၊မြို့မရဲစခန်း ၊ ဇီရွာအနီးက စစ်ကြောင်း စတဲ့နေရာတွေကစစ်တပ်စခန်းတွေစစ်သားတွေကိုမေလ၁၅ရက် နေ့ မနက်၅နာရီမှာ ဒေသတွင်း PDF တွေ ၊ပကဖ တွေ ကပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ကြပါတယ်။
အထက်ပါစခန်းတွေအပြင် တောင်သာမြို့နယ်ထဲကထနောင်းကုန်းပျူစောထီးရွာစခန်း ၊တောင်သာမြို့ဝင်ဂိတ်၊ တောင်သာမြို့နယ်မှာရှိတဲ့ မြန်မာ-တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းစောင့်စခန်း၊ ငါန်းဇွန်မြို့ နယ်ထဲက မြို့ဝင်ဂိတ် ၊မြို့သာဘဏ်စောင့်ကင်းစခန်းစတဲ့ စစ်တပ်စခန်းတွေ ၊စစ်တပ်နဲ့ပျူ ပူးပေါင်းစခန်းတွေကို တော်လှန် ရေးပူးပေါင်းတပ် တွေ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးဟာ မြင်းခြံခရိုင်စစ်ဌာနရဲ့ ခရိုင်ကွပ်ကဲရေးမှုးရဲ့ စီမံကွပ်ကဲမှုနဲ့ နွေဦးတော်လှန်ရေးမှာပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်တွေက စုပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။
မြင်းခြံခရိုင်ကွန်မန်ဒို ၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀) ၊မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊မြင်းခြံမြို့နယ်ပကဖ၊နွားထိုးမြို့နယ်ပကဖ၊တောင်သာမြို့နယ်ပကဖ၊ငါန်းဇွန်မြို့နယ်ပကဖ၊ကျောက်ဆည်ခရိုင်ကွန်မန်ဒို ၊မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊ နေပြည်တော်အမှတ်(၈၀၁)တပ်ရင်း ၊ တံတားဦးမြို့နယ်ပကဖ၊ မိတ္ထီလာမြို့နယ် ပကဖစတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။
စစ်ကောင်စီတပ်ရဲ့ တပ်မ (၉၉) နဲ့ လေတပ်ရှိတဲ့ မိတ္ထီလာမြို့ ၊ တံတားဦးလေတပ် တို့ကနေ မိုင်ဆယ်ဂဏန်းသာ ဝေးတဲ့ဒေသမှာ အညာက PDF တွေ ၊ပကဖ တွေက စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။
●နွားထိုးကြီးမြို့နယ်တိုက်ပွဲ
နွားထိုးကြီးမြို့နယ်ထဲမှာဆို မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းအစောင့်တပ် နဲ့ ဝက်လူးကျေးရွာ နယ်မြေ ရဲစခန်းတို့ကို တော်လှန်ရေး တပ်တွေ တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။
ဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်စခန်းကို တော်လှန်ရေးတပ် တွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခုခံခဲ့ပါတယ်။
စစ်ကောင်စီရဲ့နယ် မြေရဲစခန်းတခုဖြစ်တဲ့ ဝက်လူးရွာ ရဲစခန်းကို မြင်းခြံခရိုင် တပ်ရင်း၄-၁၀ အပါအဝင် တော်လှန်ရေး ပူး ပေါင်းတပ် တွေတိုက်ခိုက်ခဲ့ပါတယ် ။ ဝက်လူးရဲ စခန်းကို မေလ၁၅ ရက်နဲ့ ၊၁၆ရက် ၂ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီနောက် တံတားဦးမြို့ဘက်က ထွက်လာတဲ့ စစ်တပ်စစ်ကူစစ် ကြောင်းနဲ့ပါ မေလ ၁၇ရက် နေ့မှာ PDF တွေကထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ခံက ပြောပါတယ်။ မေလ ၁၈ရက် နေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
●တောင်သာမြို့နယ်တိုက်ပွဲ
မေလ၁၅ရက် နေ့ကစတင်ခဲ့တဲ့ ခရိုင်စစ်ဆင်ရေးမှာ ထနောင်းကုန်းပျူ စောထီးရွာကို မြင်းခြံခရိုင်တပ်ရင်း(၃)နဲ့ တောင်သာမြို့နယ် ပကဖတို့က ပူပေါင်း ထိုးစစ်ဆင်ခဲ့ပါတယ်။
"အဲဒီရွာကအိမ်တွေ အကုန်လုံးကို ကျွန် တော်တို့စီးနိုင်နေပြီ။ပျူခေါင်းဆောင် ထူးအောင်အိမ်နဲ့ သူ့အရှေ့ဘက်ကပ်လျက်ကအိမ်ပဲကျန်တာ"လို့ မြင်းခြံခရိုင်တပ်ရင်း(၃)တပ်ရင်းမှူးကပြောပါတယ်။
ထနောင်းကုန်းပျူ စောထီးရွာဟာ တောင်သာမြို့နယ်မှာ နာမည်ကြီး ပျူစောထီးရွာဖြစ်ပြီး ပျူးခေါင်းဆောင် က ထူးအောင်ပါ ။အဲဒီရွာမှာစစ်တပ်နဲ့ပျူ စောထီးစုစု ပေါင်းအင်အား ၅၀ ခန့်တပ်စွဲထားတယ်လို့သိရပါတယ်။
၁၅ရက် ကနေ ၁၇ ရက်အထိ သုံးရက်ကြာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တော်လှန်ရေးတပ်တွေက မီတာ ၁၀၀ အကွာကနေသာ ဝိုင်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
●မြင်းခြံမြို့နယ်မြို့နယ် တိုက်ပွဲ
မြင်းခြံမြို့နယ်မှာလည်း PDF တွေ ၊ပကဖ တွေက ကျောက်ပြုတ်၊ဆီမီးခုံ၊ခရိုင်ထွေအုပ်၊ရဲသင်တန်းကျောင်း၊မြို့အဝင်ဇီးခြံဂိတ်၊စကားဝါဂိတ် တွေကို တပြိုင်ထဲတိုက်ခိုက်ခဲ့ကြပါတယ်။
ကျောက်ပြုတ်ရွာလယ်ခေါင်က တိုက်တွေမှာ စစ်တပ်နဲ့ ပျူတွေ တပ်စွဲထားပြီး အဲဒီ နေရာကို နဂါးနီ ပျောက်ကြားတပ်ဖွဲ့၊မြိုနယ်ပကဖ၊တိုက်နယ်(၁)ကစေတန်တပ်ဖွဲ့၊MB-9တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
"အကုန်လုံးရခါနီးမှာ စစ်ကူလာတဲ့ ကင်းပုန်းတွေနဲ့ တွေ့ပြီး ရဲဘော်တွေ အကျများလာလို့ ပြန်ဆုတ်လိုက်ရတယ်"လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံကတိုက်ပွဲအတွေ့အကြုံကို ပြောပါတယ်။
ဒီတိုက်ပွဲမှာ နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကရဲ ဘော်၂ဦး ကျဆုံးခဲ့ပြီး မြို့နယ်ပကဖက ရဲဘော်၁ ဦး ကျဆုံးခဲ့ပါတယ် ။ဒါအပြင် စုစုပေါင်း ရဲဘော်၃ဦး ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။
●စစ်ဆင်ရေးနောက်ဆုံးအ ခြေအနေ
၉/အညာ မြေစစ်ဆင်ရေးရဲ့ တိုက်ပွဲတွေဟာမေလကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပါတယ်။
မေလ၂၈ ရက်နေ့ကလည်း၊တောင်သာမြို့ပေါ်က ဇဂျမ်းဂိတ်နဲ့ မြေစာရင်း ရုံးကို တော်လှန်ရေး တပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဇဂျမ်းဂိတ်အပြင်မှာ ဘန်ကာလေးခုရှိတဲ့အထဲ ဘန်ကာ၂ခုက စစ်သားတွေ ဒဏ်ရာ ရပြီး ၊ကျန်တဲ့ဘန်ကာ ၂ခုက စစ်သားတွေပဲ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) ပြန်ကြား ရေးတာဝန်ခံ ကပြောပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring