Перейти к содержимому

စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ | People's Spring

People's Spring

0:00 / 0:00

စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ | People's Spring

732 560 просмотров · 1 год назад
People's Spring
700 тыс. подписчиков
732 560 просмотров · 1 год назад
စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ အညာသား၊ဟန်​နွေ/People's Spring စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ စစ်​ရေးအရ အ​ရေးပါလှတဲ့ မြို့ ၂ မြို့ကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။ ၂၀၂၅ ​ဧပြီ ၇ ရက်​နေ့ဟာ ​နွေဦး​တော်လှန်​ရေးရဲ့အ​ရေးကြီး တဲ့​နေ့တစ်​နေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်အစပ်မှာ စစ်​ရေးအရ အ​ရေးပါလှပြီး ၇ လတိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ အင်း​တော်မြို့ကို ​တော်လှန်​ရေးတပ်​တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ငါးလကြာထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာ​ကြောင့်ဖြစ်ပါတယ်။ ဒါအပြင် စစ်တပ်မှာ မာလှ ၊ကြမ်းလှပါတယ်ဆိုပြီး နာမည်းဆိုးနဲ့​ကျော်ကြားတဲ့ တပ်မ ၇၇ ကိုပါ​​​ တော်လှန်​ရေးတပ်​တွေက ​အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ●အင်း​တော်မြို့သိမ်းတိုက်ပွဲ ဒုတိယကမ္ဘာစစ်လက်ကျန် လိုဏ်ဂူဖြစ်တဲ့ ဂျပန်လှိုဏ်ဂူထဲမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ပြီး လပေါင်းများစွာ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်​တော်လှန်​ရေးတပ်​တွေဟာ လ​ပေါင်းများစွာခက်ခက်ခဲခဲထိုးစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ ၂‌၀၂၄ ဩဂုတ်လာထဲကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ဂျပန်လှိုဏ်ဂူ‌ကြောင့်ပဲ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ဒီလှိုဏ်ဂူဟာ မန္တလေး-မြစ်ကြီးနားလမ်း‌ပေါ်မှာရှ်ိပြီး အတော်အသင့်ကြီးတဲ့ တောင်ထဲမှာ ဂျပန်​တွေက ကျကျနန ဆောက်ထားတာဖြစ်ပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA၊ABSDFနဲ့ PDFတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့အစီအစဥ်နဲ့ ၂၀၂၄ ဩဂုတ်လ ၁၆ရက်မှာ စတင်ထိုးစစ်ဆင်တိုက််ခိုက်ခဲ့တာပါ။ တချိန်တည်းမှာပဲ​တော်လှန်​ရေးတပ်​တွေက ပင်လည်ဘူးမြို့ ၊ထီးချိုင့်မြို့​တွေကိုထိုးစစ်ဆင်ခဲ့ကြပါတယ် ။ ပင်လည်ဘူးမြို့ကို​တော့ ထိုးစစ်ဆင်ပြီရက်​ပေါင်း ၅၀ ​​ကျော်အကြာ ၂၀၂၄ ​အောက်တိုဘာ ၈ ရက်​နေ့မှာပဲ PDF ​တွေကအပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒါ​ကြောင့်အခုဆိုရင် တချိန်တည်းထိုးစစ်ဆင်ခဲ့တဲ့အထဲမှာ ပင်လည်ဘူး နဲ့ အင်း​တော်သိမ်းနိုင်ပြီ ဖြစ်ပါတယ် ။ထီးချိုင့်မြို့ပဲကျန်​တော့တာဖြစ်ပါတယ်။ စစ်ကောင်စီက အင်းတော်မြို့ခုခံစစ်ကို ပဲခူးတိုင်းအခြေစိုက်အမှတ်(၇၇)ခြေမြန်တပ်မကို တာဝန်ပေးခဲ့ပြီးတပ်မ(၇၇)အောက်မှာ တပ်ရင်း၅ရင်း၊ အင်အား ၇၀၀ခန့်အထိပို့ပြီး အင်း​တော်မကျ​အောင် ခုခံခဲ့တာဖြစ်ပါတယ်။ပူးပေါင်းတပ်တွေရဲ့မြို့သိမ်းစစ်ဆင်ရေးကို တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးက ဦးဆောင်ခုခံခဲ့ပါတယ်။ ပူးပေါင်းတပ်တွေက မြို့ထဲကစစ်ရေးပစ်မှတ်တွေကို မတိုက်ခိုက်ခင် ၂၀၂၄ ဇွန်လကစပြီး အင်းတော်မြို့ပတ်ချာလည်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။စစ်ရေးအရ အရေးပါတဲ့ အင်းတော်မြို့ နဘားလမ်းဆုံကို ဩဂုတ်လ ၂၂ရက်နဲ့ အင်းတော်မြို့မရဲစခန်းကိုဩဂုတ်လ ၂၄ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ ရဲစခန်းကိုသိမ်းယူတဲ့တိုက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် စစ်တပ်ကမတရားဖမ်းဆီးထားသူတချို့ကို အချုပ်ထဲကနေကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ●ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးအရ အရေးပါတဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ်မှာ စစ်​ကောင်စီကင်းစင်သွားပြီလို့ ချင်းညီ​နောင်က ဧပြီ ၉ ရက်​နေ့မှာ​ကြေညာလိုက်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး ဖလမ်း နဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ရက်မှ တပြိုင်တည်းစတင်ခဲ့တာပါ ။ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဖလမ်းမြို့ကိုတော့ ငါး လအကြာ ထိုးစစ်ဆင်ပြီး ဧပြီ ၇ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းရဲစခန်းအပါအဝင်မြို့နဲ့ မြို့နယ်အတွင်း စစ်ကောင်စီ နေရာ အများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးကျန်နေတဲ့ အမှတ် ၂၆၈ ​ခြေလျင်တပ်ရင်း(ခလရ၂၆၈) ကိုတော့ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ကြရတာပါ။ ၂၀၂၄ ဒီဇင်ဘာမှာ ခလရ(၂၆၈)ကို စစ်ကောင်စီက လူအင်အား တစ်ရာလောက် လေကြောင်းက ဖြည့်တင်းခဲ့ပါတယ်။ ​ရဟတ်ယာဥ်နဲ့ချပြီး မကြာခင်မှာကဲ အားလုံးနီးပါးကို ချင်းညီနောင်က စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ​နောက်ဆုံးကျန်တဲ့ ခလရ ၂၆၈ ကို စစ်ကူမပို့နိုင်​​အောင် ​တော်လှန်​ရေးတပ်​တွေက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပါတယ် ။ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့ဝင်တွေသာမက စစ်ကိုင်း၊ မကွေး၊ ယောဒေသ က တော်လှန်ရေး တပ်ဖွဲ့​ပေါင်း ၁၇ ဖွဲ့လည်း ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပညတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် ပြီးမှ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ ဖလမ်းဟာ စစ်ရေးအရလည်း အရေးပါလှပါတယ်။ဒါကြောင့် စစ်ကောင်စီဘက်က တပ်မ (၇၇ )လက်​အောက်က ခလရ (၃၉၁) နဲ့ ခလရ ၈၉ စစ်ကူ​တွေ အကြိမ်ကြိမ်ပို့ခဲ့သလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ပါတယ် ။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring   𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo   𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo   𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring