ရှီကျင့်ဖျင်ကို အိမ်ဖြူတော်မှာညစာတည်ခင်းပြီး ထရမ့်ဧည့်ခံ | People's Spring
People's Spring
0:00 / 0:00
ရှီကျင့်ဖျင်ကို အိမ်ဖြူတော်မှာညစာတည်ခင်းပြီး ထရမ့်ဧည့်ခံ | People's Spring
16 666 просмотров · 1 день назад
People's Spring
700 тыс. подписчиков
16 666 просмотров · 1 день назад
ရှီကျင့်ဖျင်ကို အိမ်ဖြူတော်မှာညစာတည်ခင်းပြီး ထရမ့်ဧည့်ခံ
စက်တင်ဘာလ- ၂၅ ၊၂၀၂၆ ။People’s Spring
ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံပြီးတဲ့နောက် ညနေပိုင်းမှာတော့ ရှီနဲ့ ဇနီးဖြစ်သူ ပန်လိယွမ်တို့ကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်ကိုတော့ ဘီလီယံနာ သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ တရုတ်-အမေရိကန် ဆက်စပ်ဆွေးနွေးမှုတွေမှာ ကူညီပေးနေသူတွေ တက်ရောက်ခဲ့ကြပါတယ်။
သမ္မတရှီနဲ့ သူဟာ ကွဲပြားတဲ့ စနစ်တွေကို ကိုယ်စားပြုနေရတယ် ဆိုတာကို အသီးသီး နားလည်ကြကြောင်း၊ ဒါပေမဲ့ နှစ်နိုင်ငံကြားက ဆက်ဆံရေးတွေဟာ ခိုင်မာတည်တံ့ခဲ့ပြီး လက်ရှိမှာ အကောင်းဆုံး ဖြစ်လာနေကြောင်း၊ အတူလက်တွဲ ရှေ့ဆက်ရင်း အနာဂတ် မျိုးဆက်တွေအတွက် ကြီးပွားချမ်းသာမှုနဲ့ လုံခြုံမှုကို မြှင့်တင်ပေးမယ့် ဆက်ဆံရေး တစ်ခုကို ဆက်လက် တည်ဆောက်သွားနိုင်မှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
ရှီက ထရမ့်ဟာ အမေရိကန်ကို တကျော့ပြန် ခမ်းနားတိုးတက်လာအောင် လုပ်ဆောင်နေကြောင်း၊ တရုတ်ကလည်း ပြန်လည် သွေးသစ်လောင်းနေကြောင်း၊ နှစ်နိုင်ငံစလုံးက ကိုယ်စီ ရည်မှန်းချက် ကြီးကြီးတွေနဲ့ ရှေ့ဆက်နေပေမယ့် အပြန်အလှန် ရိုင်းပင်းကူညီရင်း အကောင်အထည် ဖော်သွားလို့ရကြောင်း ဆိုပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အတော်လေး ပျူငှာနွေးထွေးတဲ့ စကားလုံးတွေကို သုံးစွဲပြီး အသီးသီး မိန့်ခွန်း ပြောခဲ့ပါတယ်။ ရှီက တရုတ် အစိုးရဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို နွေးထွေးပြီး တည်ငြိမ်နေစေချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အတူလက်တွဲပြီး ရင်ဘောင်တန်း ရှေ့ဆက်ကြဖို့လည်း သူက ညစာစားပွဲမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ထရမ့်က အမေရိကန် နိုင်ငံရဲ့ အမျိုးသား သင်္ကေတဖြစ်တဲ့ ခေါင်းဖြူ သိန်းငှက်တစ်ကောင်ပုံ ရုပ်တုကို ရှီအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ဘေဂျင်းမြို့က ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ဒီလက်ဆောင်ကို ခင်းကျင်းပြသထားဖို့ သူမျှော်လင့်ကြောင်း ထရမ့်က ပြောပါတယ်။ ရုပ်တုကို ဖန်တီးထုလုပ်ရာမှာ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ သူနဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့က ပါဝင် အကြံပေးခဲ့သေးတယ်လို့ ထရမ့်က ဆိုပါတယ်။
အိမ်ဖြူတော်ဆီ ရှီနဲ့ဇနီးတို့ အလည်အပတ် ရောက်ရှိနေချိန် အတောအတွင်း ထရမ့်ဟာ အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneပေါ်ကိုလည်း လိုက်လံ ပြသခဲ့သလို သူ့ညွှန်ကြားချက်အရ အိမ်ဖြူတော်မှာ ဆောက်လုပ်ထားတဲ့ ရဟတ်ယာဉ်ကွင်း အသစ်ဆီကိုလည်း ခေါ်ဆောင်သွားခဲ့ပါသေးတယ်။
=====
စစ်ပွဲကို ရပ်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာလို့ အီရန် သမ္မတပြော
စက်တင်ဘာလ- ၂၅ ၊၂၀၂၆ ။People’s Spring
အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။
နယူးယောက်မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေချိန် အတောအတွင်း ပက်ဇက်ရှ်ခန်းက အမေရိကန် သတင်းဌာန Fox Newနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ ညှိနှိုင်းမလား၊ အလုံးစုံ ချေမှုန်းဖျက်ဆီး ခံမလားဆိုတဲ့ အခြေအနေ နှစ်ခုကြားမှာ ရွေးချယ်ရလိမ့်မယ် ဆိုတာမျိုး ခြိမ်းခြောက် သတိပေးသွားပါတယ်။ နောက်တစ်နေ့မှာတော့ ပက်ဇက်ရှ်ခန်းက UN စင်မြင့်ပေါ် မိန့်ခွန်းပြောတဲ့အခါ အီရန်ဟာ အမေရိကန်ဆီ လုံးဝ ဒူးထောက် အလျှော့ပေးမှာ မဟုတ်ဘူးလို့ ကြေညာသွားပါတယ်။
ဒီအတောအတွင်း ထရမ့်က နယူးယောက်ကို ရောက်လာတဲ့ အီရန်အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ စစ်ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အပြုသဘောဆောင်တဲ့ အခြေအနေတွေ တွေ့မြင်ခဲ့ရကြောင်း ပြောကြားသွားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ အီရန်စစ်ပွဲဟာ ၇ လလောက်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ပြီးဆုံးမယ့် အလားအလာ မမြင်ရသေးပါဘူး။ လောလောဆယ်မှာတော့ နှစ်ဖက်ကြား အလွတ်သဘော သဘောတူညီမှုနဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားပါတယ်။
ပက်ဇက်ရှ်ခန်းကတော့ အီရန်ဟာ ပဋိပက္ခကို မလိုလားတဲ့အတွက် စစ်ပွဲကို တကယ်ရပ်ဖို့ဆိုရင် အမေရိကန်ရဲ့ ရွေးချယ်မှုကသာ အဆုံးအဖြတ် ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းချိန်မှာ အချင်းချင်း သတ်မနေသင့်ကြောင်း၊ ဒါပေမဲ့ အစ္စရေးရဲ့ သွေးထိုး လှုံ့ဆော်မှုနဲ့အတူ အမေရိကန်ဟာ အီရန်အပေါ် စစ်ပွဲ စတင်ဆင်နွှဲခဲ့ကြောင်း အီရန် သမ္မတက ဆိုပါတယ်။
ဒါပေမဲ့ အီရန်ကတော့ စစ်ဆက်မတိုက်ချင်တော့ကြောင်း၊ ဒီတော့ စစ်ပွဲကို ဆက်တိုက်ချင်သလား၊ ရပ်တန့်ချင်သလား ဆိုတာက အမေရိကန် ရွေးချယ်ရမယ့် ကိစ္စဖြစ်လာကြောင်း သူက ဆက်ပြောပါတယ်။
သူက အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို ရရှိခဲ့ပေမယ့် နှစ်ပတ်လောက် အကြာမှာပဲ အမေရိကန်က ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ရသလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အိမ်ဖြူတော်ညစာစားပွဲ #ထရမ့်နှင့်ရှီကျင့်ဖျင် #အမေရိကန်တရုတ်ထိပ်သီးတွေ့ဆုံပွဲ #နိုင်ငံတကာသတင်း #TrumpHostsXi #WhiteHouseDinner #USChinaSummit #TrumpXiMeeting #USChinaRelations #WorldNews #အီရန်သမ္မတပြောကြားချက် #အမေရိကန်အီရန်တင်းမာမှု #အရှေ့အလယ်ပိုင်းစစ်ရေး #နိုင်ငံတကာသတင်း #IranianPresidentStatement #USIranRelations #MiddleEastConflict #USIranTensions #WorldNews